သေနတ်သမား ဦးကြည်လင်း၏ ဦးလေးဖြစ်သူနှင့် မေးမြန်းချက် (ရုပ်သံ)
DVB
·
January 31, 2017

ဇန်နဝါရီ ၂၉ ရက်နေ့က အန်အယ်လ်ဒီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ သေနတ်သမား ဦးကြည်လင်းရဲ့ အနီးကပ်ပစ်သတ်တာ ခံခဲ့ရသလို လိုက်လံဖမ်းဆီးတဲ့ တက္ကစီယာဉ်မောင်း ကိုနေဝင်းလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
သေနတ်သမား ဦးကြည်လင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် စိုင်လျှားအုပ်စု စိုင်လျှားကျေးရွာမှာ နေထိုင်တဲ့ သူ့ရဲ့ ဦးလေးဝမ်းကွဲတော်စပ်သူ ဦးကျော်ဌေးကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။
ရုပ်သံ - ဌေးလှိုင်