မိုးညှင်းမြို့တွင် ရထားနှင့်ကား တိုက်မှုဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဇန်နဝါရီ ၂၉ ရက်မနက် ၁၀ နာရီ ၅၀ မိနစ်အချိန်က ရထားနဲ့ ကားတိုက်မိခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ မိုးညှင်းဘူတာမှထွက်လာသော စက်ခေါင်းမောင်း ဦးဇော်လင်း မောင်းနှင်ပြီး ရထားထိန်း ဦးပြုံးချို  လိုက်ပါလာတဲ့ အမှတ်-၄၉ နဘားခေါက်ပြန် အဆန်ရထားအား မောင်းနှင်လာစဉ် အရှေ့မှ အနောက်သို့ ယာဉ်မောင်းအောင်သူလတ် မောင်းနှင်လာသော မာဇဒါအမှတ် 7G 2559 သည် အင်ကြင်းကုန်းကျေးရွာအနီး ရထားလမ်းမိုင်တိုင်အမှတ် ၆၃၅/၁၅ နဲ့ ၆၃၅/၁၆ အကြား သံလမ်းဖြတ်ကူးစဉ် ရထားစက်ခေါင်းအား တိုက်မိခဲ့တာပါ။ ခရီးသည်များ ထိခိုက်မှုမရှိခဲ့ဘဲ ရထားစက်ခေါင်းပျက်စီးပြီး ကားရှေ့ပိုင်း ပျက်စီးသွားခဲ့ပါတယ်။ သံလမ်းအကူးမှာ ရထားနဲ့ကားတိုက်မိတာမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း တိုက်မိခဲ့ကြပြီး ဖြစ်ပါတယ်။ ရထားဖြတ်သန်းမောင်နှင်နေချိန် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အောင်သူလတ် (၂၈-နှစ်၊ မိုးညှင်းမြို့ နေသူ)ကို   မြန်မာ့မီးရထား အငယ်တန်းအင်ဂျင်နီယာ ဦးသန်းစိုးက တရားလိုပြု တိုင်ကြားခဲ့တာကြောင့် (ပ)၁၄/၁၇ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ အရ အမှုစစ်ရဲအုပ်ကျော်မင်းထွေးက မိုးညှင်းရဲစခန်းမှာ ဖမ်းဆီးအရေးယူဆောင်ရွက်နေပါတယ်။ သတင်း၊ ဓာတ်ပုံ - မုန်းမုန်းမင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up