DVB Logo
Home
မြန်မာသတင်း
လွှတ်တော်နှစ်ရပ် ပြန်လည်ကျင်းပ
DVB
·
January 30, 2017
Donate to DVB

၁ လကျော်ကြာ ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွေကို ဇန်နဝါရီ ၃၀ ရက် ဒီနေ့ ပြန်လည်စတင်လိုက်ပါတယ်။

ဒီတကြိမ် လွှတ်တော်မှာ အစိုးရဘတ်ဂျက်ကိစ္စ အဓိကဆွေးနွေးကြဖို့ရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥပဒေ ၇ ခု အတည်ပြုနိုင်ခဲ့ပြီး ဥပဒေကြမ်း ၁၀ ခု အတည်ပြုဖို့ ကျန်ရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်း  ၅၀ ခန့် ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013