DVB Logo
Home
မြန်မာသတင်း
သမိုင်း​ဝင် ​ဒေး​စွန်ပါဘုရား​အလှူ​ငွေ သိန်း​ထောင်ချီ အရှုပ်​တော်ပုံ​ပေါ်​ပေါက်
DVB
·
December 9, 2011
Donate to DVB

ပဲခူး​မြို့​အနီး​က သမိုင်း​ဝင် ​ဒေး​စွန်ပါဘုရား​ အလှူ​ငွေ သိန်း​ထောင်ချီ​ပျောက်ဆုံး​မှု ​ပေါ်​ပေါက်​နေပါတယ်။

ရန်ကုန်-ပဲခူး​လမ်း​ပေါ်က ပဲခူး​မြို့​အလွန် မိုင် ၂၀ အကွာ ဝမ်း​ဘဲအင်း​ ​ကျေး​ရွာအုပ်စုမှာရှိတဲ့​ သမိုင်း​ဝင်ဆံ​တော်ရှင်ဘုရား​ရဲ့​ ​ဂေါပကအဖွဲ့​ဟာ ၁၉၉၆ ခုနှစ်ကစလို့​ ဘုရား​အတွက် အများ​ပြည်သူ အလှူ​ငွေအနည်း​ဆုံး​ သိန်း​ ၃၀၀၀ ကို အလွဲသုံး​စား​လုပ်တယ်လို့​ စွပ်စွဲခံရပြီး​ လွန်ခဲ့​တဲ့​ ၆ လက တိုင်း​သံဃာ့​ မဟာနာယကအမိန့်​နဲ့​ ဖြုတ်လိုက်ပါတယ်။

ဒါ​ပေမယ့်​ အဲဒီ​ငွေ​ကြေး​အရှုပ်​တော်ပုံကို အခုချိန်ထိ မှန်မှန်ကန်ကန် မ​ဖြေရှင်း​နိုင်​သေး​တဲ့​အတွက် တိုင်း​ဝန်ကြီး​ချုပ် ကိုယ်တိုင် ထိထိ​ရောက်​ရောက် ​ဖြေရှင်း​ဖို့​ စာပို့​တိုင်ကြား​ထား​တယ်လို့​ ဝမ်း​ဘဲအင်း​ရွာမှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ဂါရဝက မိန့်​ကြား​ပါတယ်။

“၂၀၀၉ ခုနှစ် ဇူလိုင်လတုန်း​က ဗိုလ်ချုပ်လှမင်း​ကို တင်ပြထား​တာတကြိမ်၊​ ဝန်ကြီး​ချုပ်ကို ၂၀၁၀-၂၀၁၁မှာ တင်ပြတာက တကြိမ်၊​ တင်ထား​တဲ့​အကြိမ်​ပေါင်း​ မနည်း​တော့​ပါဘူး​။ ၅ ကြိမ်၊​ ၆ ကြိမ်​လောက်ရှိပါပြီ။ ​နောက်တခါ ​ဒေး​စွန်ပါဘုရား​မှာ အသစ်ထပ်တင်ထား​တဲ့​ ​ဂေါပကအဖွဲ့​တွေကလည်း​ တိတိကျကျ ​ဆောင်ရွက်မှာမဟုတ်ဘူး​။ တိတိကျကျ မှန်မှန်ကန်ကန်​ဆောင်ရွက်မယ့်​ တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ကိုယ်တိုင် ​သော်လည်း​ကောင်း​။ တိုင်း​သာသနာ​ရေး​မှူး​ ​သော်လည်း​ကောင်း​ ခွင့်​ပြုချက်ယူပြီး​မှ ​ငွေ​ကြေး​သုံး​စွဲကြဖို့​ ဦး​ဇင်း​တို့​ ​မေတ္တာရပ်ခံတယ်။ အဲ့​လိုတင်ပြထား​တယ်။”

ဒါ​ကြောင့်​ ​ငွေ​ကြေး​အရှုပ်​တော်ပုံကို မှန်မှန်ကန်ကန် ​ဖြေရှင်း​ပေး​ဖို့​ တိုင်း​ဝန်ကြီး​ချုပ် ဦး​ဥာဏ်ဝင်း​ထံကို ဒီ​နေ့​ ရက်စွဲနဲ့​ ထပ်မံတင်ပြထား​တယ်လို့​ ဆရာ​တော်က မိန့်​ကြား​ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်လို့​ ဝမ်း​ဘဲအင်း​ ​ကျေး​ရွာမှာလည်း​ စိတ်ဝမ်း​ကွဲမှု​တွေ ​ပေါ်​ပေါက်​နေတယ်လို့​ ဆရာ​တော်က မိန့်​ကြား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013