Home
မြန်မာသတင်း
ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်အမှု ​နေပြည်​တော်​ရောက်
နေသွင်
·
December 9, 2011
အင်း​စိန်​ထောင်မှာ ကျန်း​မာ​ရေး​ဆိုး​ရွား​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​နေမျိုး​ဇင်ရဲ့​ အမှုကို ​နေပြည်​တော်မှာ ပြင်ဆင်ချက်​လျှောက်ထား​လိုက်တယ်လို့​ သူ့​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။ [caption id="attachment_14790" align="alignright" width="300" caption="ကို​နေမျိုးဇင်"][/caption] အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင်ဒဏ် ၁၀ နှစ်ချခံထား​ရတဲ့​ ကို​နေမျိုး​ဇင်ရဲ့​ အယူခံကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​ရုံး​အမှတ် ၆ က ပယ်လိုက်ပြီး​နောက် ​နေပြည်​တော်ပြည်​ထောင်စု တရား​ရုံး​ချုပ်မှာ ဒီဇင်ဘာ ၇ ရက်​နေ့​က ပြင်ဆင်ချက် ​လျှောက်ထား​လိုက်တာပါ။ ဒီတခါ ပယ်ချခံရရင် ​နောက်ဆုံး​အဆင့်​ အယူခံတက်စရာပဲ ကျန်​တော့​တယ်လို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။ “ပထမဆုံး​က အယူခံ၊​ အယူခံပြီး​ရင် ပြင်ဆင်မှု၊​ ပြင်ဆင်မှုပြီး​ရင် အထူး​အယူခံဆိုတာ ရှိ​သေး​တယ်။ ​နောက်ဆုံး​အဆင့်​က သုံး​ပါး​ထိုင်​ခေါ်တာ​ပေါ့​။ အဲဒီအဆင့်​ ကျန်​သေး​တယ်။ အဲဒါက အထူး​အယူခံ​ခေါ်တာ​ပေါ့​။ အဲဒါပြီး​ရင်​တော့​ ကုန်ပြီ။ အခုက ​နောက်တဆင့်​ကျန်​သေး​တယ်။” ဗိုလ်ကြီး​ဟောင်း​ဖြစ်တဲ့​ ကို​နေမျိုး​ဇင်ကို ပြီး​ခဲ့​တဲ့​ ဧပြီလက ဖမ်း​ဆီး​ခဲ့​ပြီး​တဲ့​နောက် ဩဂုတ်လအတွင်း​မှာ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင် ၁ဝနှစ် ချမှတ်ခဲ့​ပါတယ်။ ကို​နေမျိုး​ဇင်ကို ဖမ်း​ဆီး​တဲ့​အချိန်က​နေ တရား​ရုံး​မှာအမိန့်​ချတဲ့​အထိ သက်ဆိုင်ရာ အဆင့်​ဆင့်​ရဲ့​ လုပ်​ဆောင်ချက်​တွေ အား​လုံး​ မှား​ယွင်း​ခဲ့​တာ​တွေ​ကြောင့်​ လုံး​ဝ လွှတ်​ပေး​သင့်​တယ်လို့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။ ကို​နေမျိုး​ဇင်ဟာ လွန်ခဲ့​တဲ့​ နှစ်လ​ကျော်က ​ထောင်ထဲမှာ ​ချော်လဲရာက​နေ ခါး​ရိုး​တ​ချောင်း​ ပဲ့​သွား​ပြီး​နောက် ​လော​လောဆယ် အင်း​စိန်​ထောင်တွင်း​က ​ဆေး​ရုံမှာ တက်​ရောက်​နေရပါတယ်။ ဒဏ်ရာက ​အောက်ပိုင်း​သေနိုင်တဲ့​ အ​ခြေအ​နေရှိတယ်လို့​ ဆရာဝန်​တွေက မှတ်ချက်​ပေး​တဲ့​အတွက် ကို​နေမျိုး​ဇင်ကို အပြင်​ဆေး​ရုံမှာ​ဆေး​ကုသခွင့်​ရဖို့​ မိသား​စုက သက်ဆိုင်ရာကို ​တောင်း​ဆိုထား​ပေမယ့်​ အခုထိ မရ​သေး​ပါဘူး​။ လွန်ခဲ့​တဲ့​တပတ်​ကျော်က ကို​နေမျိုး​ဇင်နဲ့​ သွား​တွေ့​ခဲ့​တဲ့​ မိခင်ဖြစ်သူ ​ဒေါ်ခင်သီက အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။ “လူ​လေး​ယောက်ထမ်း​ပြီး​တော့​ အန်တီတို့​တွေ့​တဲ့​အခန်း​ထဲကို လာထိုး​ထည့်​သွား​တယ်။ စား​ပွဲ ၂ လုံး​ဆက်ထား​ပြီး​တော့​။ စဖြစ်ကတည်း​က ​ဆေး​ကုသခွင့်​ပေး​မယ်ဆိုပြီး​ မ​ပေး​ဘဲနဲ့​ ဒီတိုင်း​ပဲထား​တယ်။ ​ဆေး​လည်း​ ဟုတ်တိပတ်တိ မဟုတ်ဘူး​။ အကိုက်အခဲ​ပျောက်​ဆေး​ပဲ တိုက်တယ်တဲ့​။ ကြာလာ​တော့​ အစာအိမ်ထိခိုက်သွား​ပြီတဲ့​။ မ​သောက်နဲ့​တော့​လို့​ ​ပြောခဲ့​တယ်။ လိမ်း​ဆေး​လေး​လိမ်း​ပြီး​ ကျန်း​မာ​ရေး​တော့​ ဂရုစိုက်​တော့​လို့​ မှာခဲ့​တယ်။” ကို​နေမျိုး​ဇင်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်က​နေ ထွက်ပြီး​တဲ့​နောက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်လူငယ်​တွေ အများ​စုပါဝင်တဲ့​ ​သွေး​ကူညီ​ပေး​ရေး​ အဖွဲ့​မှာ ကူညီ​နေရင်း​ ဖမ်း​ဆီး​ထောင်ချခံခဲ့​ရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024