Home
မြန်မာသတင်း
တာချီလိတ် တာလော့ဈေး မီးလောင်၊ အဘိုးအို ၁ ဦး သေဆုံး (ရုပ်သံ)
နန်းမြနဒီ
·
January 30, 2017
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တာလော့ဈေးထဲမှာ ဒီကနေ့မနက်က မီးလောင်မှု ဖြစ်ပွားလို့  အဘိုးအို ၁ ဦး သေဆုံးခဲ့ပါတယ်။ တာလော့ဈေးထဲက ဆိုင်ခန်းတခုအပေါ်ထပ်မှာ ဘုရားမီးပူဇော်ရာက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဘိုးအို ၁ ဦး သေဆုံးခဲ့တယ်လို့ တာချီလိတ်မြို့နယ် မီးသတ်ဌာန တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီမှာ မီးစလောင်တာက ဒီမနက် ၈ နာရီ ၁၅ မိနစ်က စတာကို၊ ၉ နာရီ ၅၅ မိနစ်မှာ ငြိမ်းပါတယ်။ သူက ဈေးဆိုင်လေ၊ တာလော့ဈေးဆိုတာ၊ သူတို့က အပေါ်ဆုံးထပ်မှာ ပစ္စည်းတွေ  သိုလှောင်ပစ္စည်းတွေထားတာ။ အဲဒီမှာ ဘုရားစင်လေးတခန်းထားပြီးတော့ အဘိုးအိုတယောက်နေတာ။ တရုတ်လူမျိုး၊ သူကဘုရားမီးပူဇော်တာကနေ စလောင်တာလို့ သိရတယ်၊ အဲဒီ အဘိုးကြီး ဆုံးသွားတယ်။  နာမည်ကိုတော့ စုံစမ်းတုန်းပဲ။” မီးလောင်ရာကို မီးသတ်ကား ၇ စီးနဲ့ သွားရောက်ငြိမ်းသတ်ခဲ့လို့  အပေါ်ထပ်သာလောင်ကျွမ်းပြီး အနီးနားရှိ ဈေးဆိုင်တွေ မီးကူးစက်ခြင်းမရှိဘူးလို့ဆိုပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေနဲ့ ဘယ်သူ့ကို ဘာပုဒ်မနဲ့ အမှုဖွင့်သလဲ ဆိုတာတော့ မီးသတ်သွားတဲ့ ဦးစီးအရာရှိတွေ ပြန်ရောက်မှသိမယ်လို့ ၀န်ထမ်းက ပြော သွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024