A d v e r t i s e m e n t With Us

ပဲခူး​တိုင်း​ ​ဝေါမြို့​နယ်တွင် ပဲနှင့်​စပါး​ခင်း​များ​ ​ရေမြုပ်​နေ

ပဲခူး​တိုင်း​ ​ဇောင်း​တူဆည် ​မြောင်း​မကြီး​က​နေ ဆည်​ရေလွှတ်ချလို့​ ​ဝေါမြို့​နယ် ကျိုက်လတ်​ကျေး​ရွာနဲ့​ ဧကရာဇ်​ကျေး​ရွာ​တွေက မရိတ်သိမ်း​ရ​သေး​တဲ့​ စပါး​ခင်း​တွေ၊​ စိုက်ပျိုး​ဆဲ မတ်ပဲနဲ့​ ပဲတီစိမ်း​ စိုက်ခင်း​တွေ အ​တော်များ​များ​ ​ရေမြုပ်သွား​တယ်လို့​ လယ်သမား​တွေက ​ပြောပါတယ်။ ဒီလ ၁ ရက်​နေ့​ကစပြီး​ လယ်​တွေထဲ ဆည်​ရေလွှတ်ချ​နေတာလို့​ ​ဝေါမြို့​နယ် လယ်သမား​ ကိုမင်း​က ​ပြောပါတယ်။ “စိုက်ပျိုး​ရေး​ဌာန၊​ မြို့​နယ်အုပ်ချုပ်​ရေး​ ဥက္ကဋ္ဌရယ်၊​ ဆည်​မြောင်း​ရယ်က ​နွေစပါး​ စံပြကွက်မှာ မစိုက်မ​နေရ၊​ လမ်း​ဘေး​ဝဲယာရယ်ကို၊​ ​နွေစပါး​ပဲစိုက်ရမယ်။ ပဲခင်း​မမြင်ချင်ဘူး​။ အဲလိုလိုက်​ပြောတယ်။ စပါး​ပဲစိုက်ရမယ်။ အဲလို​ပြောပြီး​ ဆည်​မြောင်း​ဘေး​ကပ်လျက် လယ်​တွေ​ပေါ်ကို ​ရေ​ဖောက်ထည့်​ပြီး​တော့​ မယကက ကား​နဲ့​လိုက်ကြည့်​တယ်။ ​ရေ​တွေက လယ်ကွက်​တွေထဲမ​ရောက်ဘူး​ဆိုပြီး​ အကုန်​ဖောက်ထည့်​သွား​တာ ၁ ရက်​နေ့​မှာလွှတ်တယ်။ ၃ ရက်​နေ့​မှာ လယ်နား​ကို​ရောက်လာတယ်။ လယ်သမား​တွေက မသွင်း​ကြဘူး​။ ဆည်​မြောင်း​က သူတို့​ကိုယ်တိုင်လာပြီး​ ​ပေါက်တူး​နဲ့​ ​လျှောက်​ဖောက်ထည့်​နေတာ။ ​မြောင်း​တွေက​နေ။” ဝေါမြို့​နယ် စိုက်ပျိုး​ရေး​ မန်​နေဂျာက ​နွေစပါး​စိုက်ဖို့​ မလိုက်နာရင် အကုန်လုံး​ ​ရေမြုပ်ပစ်မယ်လို့​ မြို့​နယ်ဥက္ကဋ္ဌက​နေတဆင့်​ ခြိမ်း​ခြောက်​ပြောဆိုသွား​တယ်လို့​ ဝန်ထမ်း​တဦး​က ​ပြောတယ်လို့ ကိုမင်းက ဆိုပါတယ်။ “​နွေစပါး​တကယ်လို့​ မလုပ်ဘူး​ဆိုရင် တကွင်း​လုံး​မြုပ်မယ်လို့​ ခြိမ်း​ခြောက်တယ်။ စိုက်ပျိုး​ရေး​ မန်​နေဂျာ ဦး​စိုး​ဝင်း​က​နေ ​ဝေါမြို့​နယ် မယက ဥက္ကဋ္ဌကို​ပြောတာ​ပေါ့​။ မယက ဥက္ကဋ္ဌက ဦး​စိုး​ဝင်း​ ​ပြောသမျှကို လိုက်လုပ်​ပေး​နေရတယ်။ အဲဒီကတဆင့်​ ဆည်​မြောင်း​ကို ဖိအား​ထပ်​ပေး​တော့​ ဆည်​မြောင်း​က လိုက်လုပ်တာ လယ်သမား​က ခံရတယ်။ ဆည်​မြောင်း​က စိုက်ပျိုး​ရေး​ကလုပ်ခိုင်း​တာလို့​ ​ပြောတယ်။ မယက ဥက္ကဋ္ဌက သူတို့​ကို ဖိအား​ပေး​ရင် သူတို့​ခံရတာတဲ့​။” ခုလို မိုး​စပါး​ပေါ်အပြီး​မှာ စိုက်ပျိုး​ဆဲ မတ်ပဲ၊​ ပဲတီစိမ်း​ခင်း​တွေ​ကြောင့်​ ​နွေစပါး​စိုက်ဖို့​ အဆင်သင့်​ မဖြစ်​သေး​ကြောင်း​ ဌာနဆိုင်ရာ တာဝန်ရှိ​တွေကို ရှင်း​ပြ​ပေမယ့်​လည်း​ အထက်ကချမှတ်တဲ့​အတိုင်း​ ​တောင်သူလယ်သမား​တွေကို အတင်း​အကျပ် အ​ကောင်အထည် ​ဖော်ခိုင်း​နေတယ်လို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up