သေနတ်သမားက ဘုရားခိုးမှုနဲ့ ထောင်ဒဏ် ၂၇ နှစ် ကျဖူးတယ် - နယ်လုံဝန်ကြီး (ရုပ်သံ)
DVB
·
January 30, 2017

ရန်ကုန်လေဆိပ်မှာ မနေ့ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းဟာ မန္တလေး အိုးဘိုထောင်ထွက်ဖြစ်ပြီး ဘုရားခိုးမှုနဲ့ ၂၇ နှစ် ထောင်ဒဏ်ကျခဲ့သူဖြစ်ကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင် ပြောပါတယ်။
ဒါအပြင် မနေ့ညက ၀င်စစ်ဆေးတဲ့ အိမ်ဟာလည်း ဦးကြည်လင်းအိမ်မဟုတ်ဘဲ လူတွေက သံသယနဲ့ ပြောဆိုပြီး အမြင်မှားကြတာ ဖြစ်ကြောင်း ပြောပါတယ်။
ဗိုလ်မှူးကြီး မျိုးမင်းအောင်နှင့် မေးမြန်းချက် အပြည့်စုံကြည့်ရှုရန်