တူရကီ တိုက်လေယာဉ်များဖြည့်တင်းရန် ကန်ဒေါ်လာ ၁၂၅ သန်းဖိုး ဗြိတိန်နှင့် စာချုပ်ချုပ်ဆို

ဗြိတိန်ဝန်ကြီးချုပ်နှင့် တူရကီသမ္မတ (၀ဲမှယာ)
တူရကီလေတပ်မှာ တိုက်လေယာဉ်တွေဖြည့်တင်းဖို့အတွက် ဗြိတိန်နိုင်ငံနဲ့ တူရကီနိုင်ငံတို့ စနေနေ့က အမေရိကန်ဒေါ်လာ ၁၂၅ သန်းဖိုး ကာကွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုကြပါတယ်။ တူရကီသမ္မတ၊ တူရကီဝန်ကြီးချုပ်တို့နဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေတို့ အန်ကာရာမြို့တော်မှာ ဆွေးနွေးခဲ့အပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ နှစ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်ဖို့လည်း ဗြိတိန်ဝန်ကြီးချုပ်ကလည်း ပြောဆိုခဲ့ပြီး အခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိတိုးမြှင့်သွားဖို့လည်း တူရကီသမ္မတကပြောဆိုပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် ကာကွယ်ရေးနဲ့လုံခြုံရေးကုမ္ပဏီကြီး BAE ကုမ္ပဏီနဲ့ တူရကီ လေကြောင်းလုပ်ငန်းတို့ အခုလိုပူးပေါင်းဆောင်ရွက်မှုဟာ လာမယ့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် သွားဖို့အတွက်လည်း လမ်းဖွင့်ပေးလိုက်တာလို့ နှစ်နိုင်ငံကြေညာချက်က ဆိုပါတယ်။ ဒီသဘောတူညီချက်ကြောင့် နှစ်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းလို့လည်း ဗြိတိန်ဝန်ကြီးချုပ်ကပြောဆိုပါတယ်။ ဒီလုံခြုံရေးနဲ့ ကာကွယ်ရေးသဘောတူညီမှုဟာ တူရကီလေတပ်အတွက် TF-X တိုက်လေယာဉ်တွေ နှစ်နိုင်ငံပူးတွဲထုတ်လုပ်သွားဖို့ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up