DVB Logo
Home
မြန်မာသတင်း
ကိုရီးယားနိုင်ငံရောက် ပအိုဝ်းလူငယ်များ အမျိုးသားနေ့ကျင်းပ
DVB
·
January 29, 2017
ကိုရီးယားနိုင်ငံရောက် ပအိုဝ်းလူငယ်များ အမျိုးသားနေ့ကျင်းပ
1 / 8
Donate to DVB

ပအိုဝ်း တိုင်းရင်းသားကို ကမ္ဘာကသိအောင် ရည်ရွယ်ချက်နဲ့ တောင်ကိုရီးယားရောက် ပအိုဝ်းလူငယ်တွေက ဒုတိယအကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ဇန်နဝါရီ ၂၈ ရက် ကကျင်းကြပါတယ်။

ပအိုဝ်း လူငယ်တွေဟာ နိုင်ငံအသီးသီးသို့ ရောက်ရှိပေမယ့် ပအိုဝ်းလူမျိုးကို မြတ်နိုး တန်ဖိုးထားပြီး သူရိယစန္ဒာမင်းမွေးနေ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားနေ့ကို ပြုလုပ်ကြတာဖြစ်ပါတယ်။

"ပအိုဝ်းလူမျိုးကိုအာရှမှာကော ကမ္ဘာမှာပါ သိစေချင်တယ်၊ သူရိယစန္တားမင်းမွေးနေ့ကို အမှူးပြုပြီး ပအိုဝ်းအမျိုးသားနေ့ တပေါင်းပွဲကိုပြုလုပ်တာဖြစ်တယ်။ ကိုရီးယားမှာ ပအိုဝ်လူမျိုးတွေများ ပေမယ့်မဆုံဖြစ်ဘူး။ အလုပ်ကိုယ်စီများကြတယ်။ ဒါကြောင့် လူငယ် အားလုံးတွေ့ဆုံနိုင်ပြီး ပရဟိတအလုပ် လုပ်နိုင်အောင်ရယ်၊ ကိုရီးယားနိုင်ငံရှိ ပအိုဝ်းညီအကိုများကြုံတွေ့နိုင်တဲ့ အလုပ်အခက်ခဲ တယောက်နဲ့ တယောက် ကူညီနိုင်ဖို့လည်း ရည်ရွယ်တယ်" လို့ ကိုရီးယားရောက် ခွန်ဇော်က ပြောပါတယ်။

ကိုရီးယားရောက် ပအိုဝ်းလူငယ်တွေဟာ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွမ်းကပ်တာ၊ ပအိုဝ်းသမိုင်းတွေကို ဆွေးနွေးတာတွေပြုလုပ်ကြပါတယ်။

“ကျနော်တို့ လူငယ်တွေအနေနဲ့ ဘယ်နိုင်ငံရောက်ရောက်ကိုယ့် လူမျိုးရဲ့ ယဉ်ကျေးမှု သမိုင်းအမွေးအနစ်ကို တတ်နိုင်သလောက် တာဝန်သိဖော်ထုတ်ချင်တယ်။ ဒီထက်ပိုပြီး စည်းလုံးချင်တယ်၊ ပအိုဝ်းလူမျိုးများအားလုံး စည်းလုံး စေချင်တယ်။” လို့  ခွန်ဇော် က ဆက်ပြောပါတယ်။

ပအိုဝ်းအမျိုးသားနေ့ကို တပေါင်းလပြည့်နေ့မှာ သတ်မှတ်ကြပေမယ့် ကိုရီးယားရောက် ပအိုဝ်းလူငယ်တွေဟာ အများအလုပ်အားနိုင်တဲ့ ဇန်နဝါရီလမှာ ကြိုတင်ပြီးပြုလုပ်ခြင်းဖြစ်တယ်။

ဒ့ါအပြင် လူအင်အားစုစည်းမှု အားနည်းနေတဲ့အတွက် တက်ရောက်သူတွေနည်းပြီး ကိုရီးယားရောက် အန်အယ်လ်ဒီ ပါတီလူငယ်တွေလည်း တက်ရောက်အားပေးခဲ့ပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013