DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်၊ ၂ ဦးသေ
DVB
·
January 29, 2017
ဖြူးမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်၊ ၂ ဦးသေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းအပိုင် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၁၃၈ /၅ နှင့်၁၃၈ /၆) အကြားမှာ ဇန်န၀ါရီ ၂၉ ရက် မနက်အစောပိုင်းက ယာဉ်တိုက်မှုတခုဖြစ်ပွာခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါတယ်။

"ကောင်လေးတွေကဆိုင်ကယ်နဲ့ဗျ။ မြောက်ဘက်ကလာတာ။ ကားကတောင်ဘက်ကလာတာ။ မျက်နှာချင်းဆိုင်တိုက်မိတာပါ။ ဆိုင်ကယ်သမားနှစ်ယောက်ကတော့ နေရာမှာတင် ဆုံးတယ်။ တော်တော်အခြေအနေဆိုးတယ့်ဗျ"လို့ ညောင်ပင်သာ ရဲတပ်ဖွဲ့ စခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်က နေပြည်တော်ဘက်ကို ယာဉ်မောင်းဇော်ဇော်နိုင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် ၅ (ခ)/၃၀၆၀ (၁၂)ဘီယာဉ်ဟာ ဆန်အိပ်တွေတင်ပြီး မောင်းနှင်လာချိန် တောင်ငူဘက်က ရန်ကုန်ဘက်ကို အမည်မသိအမျိုးသားနှစ်ဦး စီးနင်းလာတဲ့ TARYAN 110 အမျိုးအစားဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။

အဆိုပါဖြစ်စဉ်ကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့ စခန်းမှယာဉ် (ပ ) ၃ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်နေပြီး သေဆုံးသူတွေရဲ့ နာမည်နဲ့ လိပ်စာကို သိရှိဖို့ ဆောင်ရွက်နေပါတယ်။

ယခုယာဉ်တိုက်မှုအပါအဝင် ၁လ အတွင်းညောင်ပင်သာ ရဲတပ်ဖွဲ့စခန်းအပိုင် (၃)ကြိမ်ဖြစ်ပွားကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ယာဉ်တိုက်မှုကျူးလွန်သူအချို့ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013