နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ရှေးဟောင်းကားများပြပွဲ (ဓာတ်ပုံ)
DVB
·
January 29, 2017
နှစ် ၁၀၀ လောက် သက်တမ်းရှိတဲ့ ရှေးဟောင်းကားတွေအပါအဝင် ရှေးဟောင်းဆိုင်ကယ်တွေပြပွဲတခုကို ရန်ကုန်မြို့မှာ ၂ ရက်တာ ပြူလုပ်ခဲ့ပါတယ်။
ရှေးဟောင်းကားပြပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ဇန်နဝါရီ ၂၈ ရက်၊ ၂၉ ရက် ၂ ရက်ကြာ ပြုလုပ်နေတာပါ။ ဒီပြပွဲမှာ ရှေးဟောင်းကားစီးရေ ၃၀ လောက်နဲ့ ဆိုင်ကယ် ၅ စီးကို ပြသခဲ့ပါတယ်။
ပြပွဲပြုလုပ်တဲ့ မြန်မာနိုင်ငံရှေးဟောင်းကား ကလပ်ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူက “၁၉၂၃ ခုနှစ်ထုတ်အထိ Classic ကားပါတယ်။ ဆိုင်ကယ်က ၁၉၄၀ ထုတ်ပါတယ်။ ကား ၃၀ လောက်နဲ့ ဆိုင်ကယ်၅ စီးကို ပြထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လာမပြနိုင်သူတွေလည်း ရှိပါတယ်။ ခန့်မှန်းခြေ မြန်မာတစ်နိုင်ငံလုံးမှာ စီးရေ ၁၀၀လောက် ရှိနိုင်ပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
သတင်းဓာတ်ပုံ - အာကာ