
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတာနဲ့ လူငယ်တွေကို စည်းစနစ်တကျ အမိုက်ပစ်တတ်ဖို့ ရည်ရွယ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေက ဇန်နဝါရီ ၂၉ ရက်က တောင်ကြီးမြို့မှာ အမိုက်ကောက်နေကြပါတယ်။
ပြည်ထောင်စုနေ့ရောက်တဲ့အထိ တပတ်တခါ အမိုက်ကောက် ကမ်ပိန်းပြုလုပ်သွားမှာဖြစ်ပြီး လူငယ်တွေကို ပညာပေးသွားမှာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ ပြည်သူတွေနဲ့ တသားတည်းရှိအောင်၊ အမှိုက်ကောက်တာကစပြီး ငြိမ်းချမ်းရေးဖြစ်စစဉ်မှာ လူထုတွေပါ ဝင်နိုင်အောင် ကြိုးစားသွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွား/စီမံဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
အဓိကလူငယ်များတဲ့ တောင်ကြီးတက္ကသိုလ်၊ ဘုရားသွားလမ်းတွေ မှာ အမှိုက်စတင်ကောက်သွားတာဖြစ်ပါတယ်။
living Earth Green Network က ဦးဆောင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က စည်ပင်ဌာန၊ သစ်တောဌာန၊ ဘဏ္ဍာရေးဌာန၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင်ဌာနနဲ့ သစ်ပင်ချစ်သူများအဖွဲ့တို့ မနက် ၇ နာရီမှာ စတင်အမိုက်ကောက်တာဖြစ်ပါတယ်။










