DVB Logo
Home
မြန်မာသတင်း
လမိုင်းမြို့တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် ၂ လုံး မီးလောင်ကျွမ်း
DVB
·
January 29, 2017
လမိုင်းမြို့တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် ၂ လုံး မီးလောင်ကျွမ်း
1 / 8
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ မီးကြွင်းမီးကျန်ကတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ နေအိမ် နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ မြို့မ ၂ ရပ်ကွက် ကဝိန်လမ်းနေ ဦးချစ်ကို ခ ဦးချက်ကြီး ပျဉ်ခင်းပျဉ်ကာ သွပ်မိုး ၁ ထပ်နေအိမ်မှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်က မီးဖိုချောင်မီးကြွင်းမီးကျန်က တဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ဦးချစ်ကို နေအိမ် မီးစတင်လောင်ကျွမ်းပြီးနောက် ယာဘက်ဘေး ၁ ထပ်နေအိမ်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက မီးသတ်ယာဉ်၊ ရေသယ်ယာဉ် ၃ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်လို့

မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။

နေအိမ် ၂ လုံး မီးလောင်ကျွမ်းမှုကြောင့် ကျပ် ၅၆၂၅၀၀ ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆမှုနဲ့ ဦးချစ်ကို ကို လမိုင်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013