ပင်လည်ဘူးတွင် တရားမ၀င် တမလန်းသစ်များ ဖမ်းမိ
DVB
·
January 29, 2017

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ တမလန်းသစ်တွေကို ဇန်န၀ါရီ ၂၈ ရက်နေ့က ပိုင်ရှင်နှင့်အတူဖမ်း ဆီးရမိခဲ့ပါတယ်။
ဝန်းသို-ပင်လည်ဘူးမြို့နယ် ကားလမ်းမပေါ်မှာ AD ဘန်အဖြူရောင်ကားကို မသင်္ကာလို့ စစ်ဆေးရာကနေ တရားမဝင်သယ်ဆောင်လာတဲ့ တမလန်းသစ်တွေကို ဖမ်းဆီးရမိတာလို့ ပင်လည်ဘူးမြို့ နယ်သစ်တောဦးစီး ဦးမြင့်ဝင်းသူက ပြောပါတယ်။
ကားပေါ်ကနေ တမလန်း ၁၀ တုံး ကာလတန်ဖိုး ကျပ် ၆ သောင်းကျော်ဖိုးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
တရားမဝင်တမလန်းသစ်တွေ သယ်ဆောင်လာသူ ယာဉ်မောင်းနဲ့ တခြားတယောက်တို့ကို ပင်လည်ဘူးမြို့မရဲစခန်းက ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)နဲ့ အရေးယူဆောင်ရွက်နေပါတယ်။
သတင်းနှင့်ဓာတ်ပုံ - နိုင်စိုးလင်း