“ဘက်ခမ်းအမှတ်တံဆိပ်” ဟု ပြောဆိုမှုများအပေါ် ဒေးဗစ်ဘက်ခမ်း ရှင်းလင်း

“ဘက်ခမ်းအမှတ်တံဆိပ်” ဆိုတာကြောင့် ဒေးဗစ်ဘက်ခမ်းနဲ့ ဇနီးဗစ်တိုးရီးယားတို့ အတူတကွနေထိုင်နေကြတာဆိုတဲ့ ပြောဆိုချက်ကို ဒေးဗစ်ဘက်ခမ်းက မမှန်ကန် အနှစ်မဲ့ အဓိပ္ပာယ်မရှိတာတွေလို့ ဝေဖန်လိုက်ကြောင်း ဘီဘီစီရဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဘီဘီစီရေဒီယို 4 ရဲ့ Desert Island Discs ၇၅ နှစ်မြောက် ပြပွဲအတွက် ကျင်းပတဲ့ အခမ်းအနားမှာ ဘောလုံးကစားသမားဟောင်းက ပါဝင်ခဲ့တာပါ။ “အမှတ်တံဆိပ်ဆိုတာကြောင့် ကျနော်တို့ ၂ ယောက် အတူတကွ နေထိုင်ကြတာလားလို့ လူတွေက ပြောကြတယ်၊ အမှန်တကယ်က မဟုတ်ပါဘူး။ ကျနော်တို့ တဦးကို တဦးချစ်ကြလို့ အတူနေတာပါ။ ကျနော်တို့ အင်မတန်ချစ်စရာ ထူးခြားတဲ့ သားသမီး ၄ ယောက် ရှိလို့ အတူနေတာပါလို့” ဘက်ခမ်းက ပြောပါတယ်။ “ကျနော်တို့က ခိုင်မာတဲ့ မိသားစု အမျိုးအစားပါ။ ကျနော်တို့မှာ အမတန် စိတ်ဓာတ်ခိုင်မာတဲ့ မိဘတွေရှိခဲ့တယ်၊ မှန်ကန်တဲ့ တန်ဖိုးဆိုတာတွေနဲ့ ကျနော်တို့က ကြီးပြင်းလာခဲ့တာပါ။”လို့ ဘက်ခမ်းက ပြောပါတယ်။ ဗစ်တိုးရီးယားနဲ့ဘက်ခမ်းတို့ဟာ ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ယခုအချိန်မှာ ကလေး ၄ ယောက်ရှိပါတယ်။ “သေချာတာပေါ၊ ခင်ဗျားတို့တွေ အမတန်မှ ခက်ခဲလှတဲ့ အချိန်တွေကို ဖြတ်သန်းရမယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ဘဝတွေကို အရမ်းတန်ဖိုးထားလေးစားတယ်၊ ဒီလိုခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ရတဲ့အခါမှာလည်း ကျနော်တို့က ဒီအခက်အခဲတွေကို မိသားစု တခုအနေနဲ့ အစုအစည်းတခုအနေနဲ့ ဖြေရှင်းခဲ့တယ်” လို့ ဘက်ခမ်းက ထပ်ပြောခဲ့ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဘီဘီစီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up