Home
မြန်မာသတင်း
တမူးတွင် ပုဒ်မ ၁၈၈ ထုတ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထား
DVB
·
January 29, 2017
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ နယ်စပ်ဖြတ်ကျော် သွားလာခွင့် ပိတ်ထားပါတယ်။ ဇန်န၀ါရီ ၂၇ ရက်ကစလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပိတ်ပင်တားမြစ်လိုက်တာဖြစ်ပြီး လောင်စာဆီမှောင်ခိုထုတ်ယူမှု များတဲ့အတွက် ပိတ်ပင်လိုက်တာလို့ တမူးအန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။ “ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ နယ်ခြားမှတ်တိုင်တွေကို ကျော်ခွင့် မပေးတာ။ မြို့ထဲက ဘာမှ မဖြစ်ပါဘူး၊ နယ်ခြားမှတ်တိုင် ဘယ်ကနေ ဘယ်အထိ အတိုင်းအတာတခုနဲ့ တားထားတာ၊ အခုတလော ဓာတ်ဆီမှောင်ခိုတွေ ဟိုဘက်ခြမ်းကို တအားသွားနေတာလေ၊ အဲဒါကို ထိန်းချုပ်တဲ့ သဘောပါ။” ဒီနေ့ တမူးမှာ လောင်စာဆီသယ်ယူ ရောင်းချနေတဲ့သူတွေကို ရဲက စတင်ဖမ်းဆီးနေပြီလို့လည်း သူက ပြောပါတယ်။ အခုရက်ပိုင်း အိန္ဒိယဘက်မှာ လောင်စာဆီသယ်ယူတဲ့လမ်းကြောင်း ပိတ်နေလို့ မြန်မာဘက်ခြမ်းကနေ လောင်စာဆီမှောင်ခိုတင်သွင်းမှု အဆမတန် များပြားလာနေတာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြန်လည် မကြေညာမခြင်း နယ်စပ်ဖြတ်ခွင့် ပိတ်ထားမှာဖြစ်ပြီး တမူးမြို့မှာ ဒါ ပထမဆုံးအကြိမ် ပုဒ်မ ၁၈၈ ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024