အမေရိကန်တွင် ဘတ်စ်ကားကို ထရပ်ကားက ကြေက်မက်ဖွယ် ကန့်လန့်ဖြတ် ဝင်တိုက် (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ် စီရက်ကရူးစ်မြို့မှာ ဘတ်စ်ကားကြီးကို ပစ်ကပ်ထရပ်ကားတစ်စီးက အရှိန်ပြင်းပြန်းနဲ့ ကန့်လန့်ဖြတ်ဝင်တိုက်မိလို့ လူအတော်များများ ဒဏ်ရာတွေ ရရှိသွားတယ်လို့ Syracuse.com အင်တာနက်စာမျက်နှာမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။ ဘတ်စ်ကားရဲ့ဘေးဘက်ကို ထရပ်ကား ဝင်တိုက်လိုက်ပြီး ခရီးသည်တစ်ယောက် ရှေ့ကို လွှင့်ထွက်လာတဲ့ပုံကို ဘတ်စ်ကားပေါ်က ကင်မရာကရိုက်ကူးထားတဲ့ပုံမှာ မြင်ရမှာပါ။ ပစ်ကပ်ကားရဲ့ကားမောင်းသူ နီးလ်ဘရော်ဝဲလ်က ဇန်နဝါရီလ ၁၉ ရက်နေ့က လမ်းကုန်းလျောအဆုံးနားက မီးပွိုင့်ကို ရှောင်ဖို့ ဘက်ဘက်ယာဉ်ကျောကို အတင်းကွေ့ခဲ့တာလို့ ရဲကပြောပါတယ်။ အဲ့ဒီနောက် ထရက်ကားက လမ်းကနေချော်ထွက်လာပြီး ပန်းခြံလမ်းပေါ် လယ်သမားဈေးနားက မီးပွိုင့်နားမှာ ရပ်ထားတဲ့ စင်ထရိုဘတ်စ်ကားကို ဝင်တိုက်မိတာလို့ ဆိုပါတယ်။ ထရက်ကားက ဘတ်စ်ကားကြီးထဲမှာ ညှပ်နေတယ်လို့လည်း သိရပါတယ်။ ခရီးသည်တော်တော်များများကို အသေးစားဒဏ်ရာတွေအတွက် ကုသပေးလိုက်ရတယ်လို့ ရဲကပြောပါတယ်။ ဘတ်စ်ကားမောင်းသူ ဒက်ဖနီရော့စ်ပိုဝဲလ် အသက် ၅၄ နှစ်ကိုလည်း ရင်ဘက်အောင့်တဲ့ ဒဏ်ရာအတွက် ဆေးရုံမှာ ကုသပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ ပစ်ကပ်ထရက်ကားမောင်းတဲ့ ဘရောင်းဝဲလ် အသက် ၈၂ နှစ်ကတော့ ဒဏ်ရာမရပေမဲ့ သူ့ကားနဲ့လိုက်လာတဲ့ အသက် ၇၅ နှစ်အရွယ်ဇနီးဖြစ်သူ ရင်ဘက်အောင့်နေလို့ စိန့်ဂျိုးဇက်ပ်စ် ဆေးရုကို ပို့လိုက်ရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up