အာဆီယံဖူဆယ်ချန်ပီယံရှစ် ဗိုလ်လုပွဲ မြန်မာနှင့်ထိုင်း ယနေ့ညနေ ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို မြန်မာနဲ့ ထိုင်းအသင်းတို့ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး ဒီပွဲစဉ်ကို မြန်မာ့အသံ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာပါ။ မြန်မာအသင်းဟာ အကြိုဗိုလ်လုပွဲမှာ အရှေ့တီမောအသင်းနဲ့ ကစားခဲ့တာဖြစ်ပြီး ပွဲစဉ်တလျှောက်လုံး အသားစီးနဲ့ကစားပြီး ၈ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အိမ်ရှင်ထိုင်းအသင်းက မလေးရှားနဲ့ တွေ့ဆုံခဲ့ပြီး နောက်ကျဂိုးတွေနဲ့အတူ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာဖူဆယ်အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တာဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မူအနေနဲ့ စတင်ဝင်ပြိုင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ပြိုင်ပွဲမှာ တတိယပဲ ရခဲ့ဖူးတာဖြစ်ပါတယ်။ မြန်မာဖူဆယ်အသင်းဟာ အုပ်စုပွဲစဉ်တွေမှာလည်း လာအိုကို ၆ ဂိုး ၁ ဂိုး၊ အင်ဒိုနီးရှားကို ၆ ဂိုး ၃ ဂိုး၊ မလေးရှားကို ၅ ဂိုး ၃ ဂိုး ရလဒ်တွေနဲ့ ပွဲတိုင်းအနိုင်ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up