
၂၃၂ နှစ်မြောက် ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးအောက်မေ့ခြင်း အခမ်းအနားတရပ်ကို မြောက်ဦးနန်းရာကုန်းမှာ ဒီကနေ့ ကျင်းပပြုလုပ်နေကြပါတယ်။
ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးမှု အောက်မေ့ခြင်းအခမ်းအနားတွေကို မြောက်ဦး၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ကန့်ကော်တော်၊ ရသေ့တောင်နဲ့ တန်းလွဲကျေးရွာတွေမှာ ဒီကနေ့မနက်ကစလို့ ညနေအထိ ကျင်းပကြမှာပါ။
ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးမှုအောက်မေ့ခြင်းအခမ်းအနားကို မနက်ပိုင်းမှာတော့ ပရိတ်တရား တော်တွေဟောကြားတာ၊ ညနေပိုင်းမှာတော့ နန်းရာကုန်းနေရာတွေမှာ ဆီးမီးပူဇော်တာ၊ ရခိုင့်သုတေသီးတွေက သမိုင်းဆိုင်ရာဟောပြောမှုတွေ ပြုလုပ်နေကြပါတယ်။
နှစ်စဉ်နှစ်တိုင်း ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာမှု အောက်မေ့ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က ကျင်းပခဲ့ပေမယ့် ဒီနှစ်ကစလို့ ရခိုင်သက္ကရာဇ် သမိုင်းအထောက်အထားအရ မြောက်ဦးမြို့မှာ ပြာသိုလ်လကွယ်နေ့မှာ ကျင်းပတာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး လုပ်ဆောင်သူတွေက ဒီဗွီဘီကိုပြောပါတယ်။











