ဓနုဖြူတွင် ထော်လာဂျီယာဉ်တိမ်းမှောက်၊ လူ ၁၈ ဦး ဒဏ်ရာရ
DVB
·
January 28, 2017
ဓနုဖြူမြို့နယ်၊ ဓနုဖြူ-ကျုံတနီးကားလမ်း၊ မိုင်တိုင်အမှတ်(၃/၃-၄) ကြားမှာ ဇန်န၀ါရီ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ထော်လာဂျီယာဉ်တိမ်းမှောက်လို့ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူ-ကျုံတနီးကားလမ်း၊ မိုင်တိုင်အမှတ်(၃/၃-၄) ကြားမှာ ဓနုဖြူဘက်ကို ရေတွင်းကုန်းကျေးရွာနေ ဝေလင်းအောင် မောင်းနှင်လာတဲ့ အပြာရောင်ထော်လာဂျီယာဉ်ဟာ ဝဲဘက် ရှေ့ဘီးရှပ်တန်းကျိုးကာ လမ်းရဲ့ ယာဘက်ကို တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာရခဲ့တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
ယာဉ်မောင်း ဝေလင်းအောင်ကို ဓနုဖြူမြို့မရဲစခန်းယာဉ်(ပ)၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၇/၂၇၉ အရ အရေးယူထားတယ်လို့ ဆိုပါတယ်။