ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
DVB
·
January 27, 2017

မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင် ၄၀ ကျော်တို့ ဒီကနေ့နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။
ဂျပန်ကုန်သည်စက်မှုအသင်းချုပ် (JCCI) ဥက္ကဋ္ဌ အာကီအိုမီမူရာ ခေါင်းဆောင်တဲ့ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမမှာ လက်ခံတွေ့ဆုံခဲ့တာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံရာမှာ မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး၊ နည်းဥပဒေနဲ့ ကန့်သတ်ချက်တွေဖြေလျော့ရေး၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍမှာ လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး၊ စီးပွားရေးကဏ္ဍမှာနှစ်နိုင်ငံအကြား စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးမှုတွေလုပ်ဖို့ စတာတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။