Home
မြန်မာသတင်း
မွန်ပါတီများပေါင်းစည်းရေး စီတန်းလမ်းလျှောက် ဆန္ဒပြ
DVB
·
January 27, 2017
mon7
mon6
mon5
mon4
mon3
mon2
mon1
mon
mon8
မွန်နိုင်ငံရေးပါတီတွေအားလုံးကိုပူးပေါင်းပြီး မွန်တမျိုးသားလုံးကိုကိုယ်စားပြုတဲ့ ပါတီ တစ် ခုထဲအဖြစ် ပေါင်းစည်းဖို့အတွက် မွန်ပြည်နယ် ရေးမြို့နယ် မွန်လူငယ်ကွန်ရက်အဖွဲ့က ဦးဆောင်ကာ မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့မနက်က မော့ကနင်ကျေးရွာ ဘောလုံးကွင်းမှာစုရပ်ပြီး ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အင်အား ၂၅၀ ကျော်ခန့်က လမိုင်းမြို့ ကျိုက်ကေလာသဘုရားကွင်းအထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ရေးမြို့နယ်မွန်လူငယ်ကွန်ရက်အဖွဲ့ ဦးဆောင်သူ ဦးမြင့်ထွန်းက“အခုလို စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ရာမှာ မွန် ၂ ပါတီမှ ၁ ပါတီဖြစ်စေရန် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မွန် ၁ ပါတီ ဖြစ်ခဲ့ပါတယ်။ မွန်ပါတီတွေက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဝန်ကြီးနေရာတွေမှာ အများဆုံးရပြီး မွန်အမျိုးသားရေးပြည်နယ်အကျိုး ကိုသယ်ပိုးနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၃ ပါတီခွဲတဲ့အတွက်ကြောင့် မွန်အမျိုးသားအခွင့်အရေးတွေ ဆုံးရှုံးခဲ့ပါတယ်။ စည်းလုံးညီညွတ်ရေးလည်း ပျက်ပြားခဲ့ရပါတယ်” လို့ ပြောပါတယ်။ ဆန္ဒပြသူတွေက  မွန်တစ်ပါတီအဖြစ် ပေါင်းစည်းရေး ဒို့အရေး၊ မွန်ပါတီခွဲအလိုမရှိ ဒို့အရေး၊ မွန်အမျိုးသားပြန်လည်သင့်မြတ်ရေး ဒို့အရေး  စတာတွေ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024