DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်၌ စစ်ကျန်ဗုံးသီးဟောင်းတလုံး တွေ့ရှိ
DVB
·
January 27, 2017
ဖြူးမြို့နယ်၌ စစ်ကျန်ဗုံးသီးဟောင်းတလုံး တွေ့ရှိ
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီက စစ်ကျန်ဗုံးသီးဟောင်းတလုံး ဖြူးချောင်းထဲမှာ တွေ့ရှိခဲ့ပါတယ်။

ဖြူးမြို့မရဲစခန်းအပိုင် ဝဲကြီးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာမှာ အဆိုပါဗုံးသီးအား တွေ့ရှိတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေမှူးနဲ့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေး ခဲ့တာပါ။

ဖြူးချောင်းထဲမှာ သဲမှုတ်လုပ်ငန်းလုပ်ကိုင်နေသူတဦးက စတင်တွေရှိခဲ့တာဖြစ်ပြီး သဲများ ကုန်းပေါ်သို့ စက်ဖြင့်ကုန်းပေါ်သို့ မှုတ်တင်စဉ် အဆိုပါဗုံးသီးအား တွေ့ရှိခဲ့တာပါ။ ဗုံးသီးကို စစ်ဆေးရာမှာ CISMK3MOR10LBIIPIT442/445 လို့ ဗုံးသီးပေါ်မှာ စာတန်းရေးသားထားပြီး လုံးပတ် ၈ လက်မခန့်၊ အရှည် ၁၃ ဒသမ ၆ လက်မခန့်(အခွံ/ထိပ်ဖူးမပါ) ဂျပန်ခေတ် စစ်လက်ကျန်ဗုံးသီးခွံဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဗုံးသီးခွံကို အမှတ်-၃၀၆ ခြေမြန်တပ်ရင်းကို အပ်နှံသွားမှာ ဖြစ်ပါတယ်။

ဖြူးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ "ဖြစ်စဉ်ကတော့ ချောင်းထဲမှာ သဲမှုတ်နေတဲ့ ကိုသက်ဦးက သဲမှုတ်နေရင်း သဲမလိုက်လို့ ဘီးလူးခေါင်းကို ဆင်းကြည့်ရင်းကနေ အဲဒီဗုံးသီးခွံကို တွေ့တာပါ။ ပထမတော့ ၃၀၆-ခြေမြန်တပ်ရင်းကို ပို့တာပါ။ ခြေလျင်တပ်ရင်းဖြစ်နေတော့ တောင်ငူမြို့ ၉၁၁-စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ကျွန်းကုန်းကို သွားရောက်အပ်နှံ လွှဲပြောင်းပေးခဲ့ပါတယ်"လို့ ဖြူးမြို့မရဲစခန်းမှ ရဲအုပ်ကျော်ဇင်ထိုက်က ဒီဗွီဘီကို ပြောပါတယ်။

သတင်း -  ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013