Home
ရင်ဖွင့်စာ/ပေးစာ
ပျဉ်းမနားတွင် မီတာပုံးများ တရားမ၀င်ရောင်းချနေ
DVB
·
December 8, 2011
ပျဉ်းမနား လယ်ဝေးမှာ လျှပ်စစ်အင်ဂျင်နီယာတွေက လူကြီးစစ်ဆေးရေး လမ်းကြောင်းရှိရင် ငွေပုံပေးဝယ်ထားရတဲ့ မီတာပုံးတွေကို လာဖြုတ်သိမ်းနေပါတယ်။ လယ်ဝေးလျှပ်စစ်က အင်ဂျင်နီယာတွေ၊ လျှပ်စစ်ဦးစီးမှူးတွေ၊ အထက်က ဘာမှမကျဘဲနဲ့ တရားမ၀င်ဘဲနဲ့ မီတာပုံးတွေကို ရောင်းတာပေါ့။ အစိုးရမှာလျှောက်ရင် ၇ သောင်းခွဲပဲကျတယ်။ လျှောက်ရင် ​လျှောက်လို့ရတယ်။ လျှောက်ခတွေက သူတို့သတ်မှတ်ထားတာ ၁၀၀၀ ပဲ။ တောင်းတာက ၃၀၀၀၊ အဲဒါက ရလားဆိုတာတော့ မရဘူး။ ရပ်ကွက်ထဲမှာ သွယ်ထားတာကျတော့ မီတာက တအိမ်ကို ၅ သိန်းတန် မီတာရှိတယ်။ ၆ သိန်းတန် မီတာရှိတယ်။ ဒီလိုမျိုးလုပ်စားနေတာ ဦးစီးမှူးက မသိဘူး။ လက်အောက်ငယ်သားတွေနဲ့ ပေါင်းစားနေတာပေါ့။ အခု ဦးစီးမှူးကို တိုင်တဲ့အခါကျတော့ ကျမတို့ကို လူကြီးတွေလာစစ်ဆေးမယ်ဆိုပြီးတော့ စစ်ဆေးတဲ့အခါကျရင် ကြိုးတွေကို လာဖြုတ်ထားလိုက်တယ်။ ပြီးရင် အဲဒီလူကြီးတွေက မစစ်ဆေးဘဲနဲ့ ပြန်သွားတဲ့လူကြီးလည်း ရှိတယ်။ စစ်ဆေးပြီးမှ ပြန်သွားတဲ့လူလည်း ရှိတယ်။ စစ်ဆေးပြီးမှ ပြန်တဲ့လူကြီးဆိုရင် သူတို့က ကြိုးတွေကို ဖြုတ်ထားတယ်။ မစစ်ဆေးဘဲ ပြန်တဲ့လူကြီးဆိုရင် သူတို့ လယ်ဝေး ထိပ်တန်း စားသောက်ဆိုင်မှာ လိုက်ကျွေးတယ်။ ကျမတို့ရပ်ကွက်မှာဆိုရင် သုံးသိန်း တခါတည်း ပေးလိုက်ရပြီးတော့ အခု စစ်ဆေးရေးဝင်မှာဆိုးလို့ဆိုပြီးတော့ အဲဒီကောင်မလေးတွေဆိုရင် မီတာအလုံးလိုက်ပြန်သိမ်းသွားတယ်။ နောက်ထပ်အိမ်တွေမှာလည်း ၅ သိန်း၊ ၆ သိန်း ပေးထားတဲ့အိမ်တွေတော့ရတယ်။ အဲဒီလိုမျိုး လူကြီးလာစစ်ဆေးမယ်ဆိုရင်တော့ ဖြုတ်သိမ်းထားတာပေါ့။ အစိုးရဈေးနဲ့တော့ လုံးဝမရဘူး။ အဲဒါ အထက်ကလူကြီးတွေက လုံးဝမသိဘူး။ တကယ်လို့ လာစစ်တဲ့သူကလည်း အဖွဲ့နဲ့အတူတူပဲဆိုရင်တော့ ဒီလိုမျိုး လုပ်စားနေတာက ပျောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီဗွီဘီကနေ တင်ပြလိုက်တာပါ။ လယ်ဝေးဒေသခံတဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024