စစ်ကိုင်း​တိုင်း​တွင် အတင်း​အဓမ္မ ​ငွေ​ကောက်ခံမှုများ​ ရှိ​နေဆဲ

အရပ်သား​အစိုး​ရအဖြစ် ​ပြောင်း​လဲလိုက်​ပေမယ့်​ အရင် စစ်အစိုး​ရလက်ထက်ကလို ​ကျေး​ရွာ​တွေဆီက​နေ အတင်း​အဓမ္မ ​ငွေ​ကောက်ခံ​နေတယ်လို့​ သိရပါတယ်။ ပြန်ကြား​ရေး​နဲ့​ယဉ်​ကျေး​မှု ပြည်​ထောင်စုဝန်ကြီး​ ဦး​ကျော်ဆန်း​ဟာ စစ်ကိုင်း​တိုင်​ဒေသကြီး​ ပုလဲမြို့​နယ် မင်တိုင်ပင်​ကျေး​ရွာက အထက်တန်း​ကျောင်း​ ​ကျောင်း​ဆောင်သစ်​ဆောက်ဖို့​ ပုလဲမြို့​နယ်အတွင်း​က ​ကျေး​ရွာ​တွေက​နေ ကျပ်​ငွေ ၂ သိန်း​က​နေ ၃သိန်း​အထိ ​ကျေး​ရွာ အုပ်ချုပ်​ရေး​မှုး​တွေထံမှတဆင့်​ အတင်း​အဓမ္မ ​ကောက်ခံတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ “ဝန်ကြီး​က ဒီ​ကျောင်း​ဆောင်အသစ် ​ဆောက်ဖို့​အတွက်က သူ သိန်း​ ၃၀၀ မတည်ထား​တယ်​ပေါ့​နော်။ ကျန်တဲ့​ ၃၀၀ က ပုလဲတနယ်လုံး​က ရွာ​တွေက ခွဲတမ်း​ချ ပြီး​တော့​မှ ​ပေး​ရတာ။ တချို့​ရွာ​တွေကျ​တော့​ သတ်မှတ်ချက်နဲ့​ပေါ့​နော်။ ၂ သိန်း​ ၃ သိန်း​ အဲဒီလို ​ကောက်ခံတယ်။ ​နောက် မင်း​တိုင်ပင်မှာ ရှိတဲ့​ လူ​တွေအတွက်ကျ​တော့​ သူတို့​က အလှူ​ငွေအဖြစ်​ပေါ့​နော် သူတို့​ သဒ္ဒါသ​လောက် ​တောင်း​ခံတာ​ပေါ့​။ ကျန်တဲ့​ ​ကျေး​ရွာ​တွေကို​တော့​ ခွဲတမ်း​ချလိုက်တာ​ပေါ့​ မ​ပေး​မ​နေရ စနစ်ဖြစ်သွား​တာ​ပေါ့​။” ပြည်​ထောင်စုဝန်ကြီး​ ဦး​ကျော်ဆန်း​က စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ်ရဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်လည်း​ ဖြစ်ပါတယ်။ ပုလဲမြို့​နယ် မင်တိုင်ပင်ရွာ ​ကျောင်း​ဆောင်သစ် ဖွင့်​ပွဲခရီး​စဉ်ကို လာ​ရောက် ကြိုဆိုဖို့​အတွက်လည်း​ ဦး​ကျော်ဆန်း​က တရွာကို ၅ ဦး​နူန်း​နဲ့​ မလာမ​နေရ ဆင့်​ခေါ်တယ်လို့​လည်း​ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up