အငြိမ်းစားသမ္မတ ဦးသိန်းစိန်ကို ကြံ့ခိုင်ရေးပါတီဂုဏ်ပြု (သတင်းဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 27, 2017
ကြံ့ခိုင်ရေးပါတီနာယက အငြိမ်းစား သမ္မတဦးသိန်းစိန်ကို အာဆီယံနဲ့ အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့က ပေးအပ်တဲ့ အာရှကော်စမိုပိုလီတန်ဆုရရှိတဲ့အတွက် ပါတီက အခမ်းအနားနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
ဂုဏ်ပြုပွဲ အခမ်းအနားကို နေပြည်တော်ပါတီဌာနချုပ်မှာ ဇန်နဝါရီ ၂၆ ရက်ညက ကျင်းပခဲ့ရာမှာ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အခြားမိတ်ဖက် အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတယ်လို့ ကြံ့ခိုင်ရေးပါတီက သိရပါတယ်။