DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီး​ရိုး​ ​တောင်တက်ကား​နှင့်​ဘုရား​ဖူး​ မမျှမတဖြစ်​နေ
DVB
·
December 7, 2011
ကျိုက်ထီး​ရိုး​ ​တောင်တက်ကား​နှင့်​ဘုရား​ဖူး​ မမျှမတဖြစ်​နေ
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့​က ကျိုက်ထီး​ရိုး​ ဘုရား​ဖူး​ရာသီမှာ ​တောင်တက်ကား​စီး​ရတာ အဆင်မ​ပြေဘူး​လို့​ ဘုရား​ဖူး​တွေက ​ပြောပါတယ်။

ဘုရား​ဖူး​အလာများ​တဲ့​ စ​နေ၊​ တနင်္ဂ​နွေ​နေ့​တွေ အပါအဝင် ရုံး​ပိတ်ရက်ရှည်ကာလ​တွေမှာ ကျိုက်ထီး​ရိုး​တောင်​ပေါ်တက်တဲ့​ ကား​စီး​ရေနဲ့​ ဘုရား​ဖူး​ခရီး​သည် အ​ရေအတွက် မမျှမတဖြစ်​နေတာပါ။

ပြီး​ခဲ့​တဲ့​ စ​နေ၊​ တနင်္ဂ​နွေ​နေ့​တွေမှာ နိုင်ငံခြား​သား​ ခရီး​သွား​နှစ်ဦး​နဲ့​အတူ ​တောင်​ပေါ်တက်ခဲ့​တဲ့​ ဧည့်​လမ်း​ညွှန်တဦး​က “​တောင်တက်ကား​က အဆင်မ​ပြေဘူး​။ ကျ​နော်တို့​ အဲဒီ​နေ့​က ​စောင့်​နေတဲ့​လူ​တွေက ၁၀၀၀ ​လောက်ရှိတယ်။ စီး​ချင်တဲ့​လူ​တွေ ရ​သေ့​တောင်မှာ လူ​တွေက ပြည့်​ကျပ်​နေတယ်။ ကား​က တစီး​မှ ​ရောက်မလာဘူး​။ ​တော်​တော်ကြာ​တော့​မှ ကား​လေး​ ၂ စီး​ ဝင်လာတယ်။ အတင်း​ပဲ တက်တဲ့​လူက တက်၊​ ​နောက်က ​ပြေး​လိုက်ကြ​ပေါ့​ဗျာ။ အတင်း​တိုး​တက်ရင်း​နဲ့​ ဧည့်​သည်အဖွား​ကြီး​နဲ့​ ကျ​နော်နဲ့​က ​နေရာရပြီး​တော့​ အဖိုး​ကြီး​က အဲဒီမှာ ကျန်ခဲ့​တယ်ဗျ။”

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ကျိုက်ထီး​ရိုး​ ​ဂေါပကအဖွဲ့​ထံ ဆက်သွယ်​မေး​မြန်း​ရာမှာ သူတို့​နဲ့​မဆိုင်တဲ့​အ​ကြောင်း​၊​ ​တောင်တက်ကား​ အသင်း​ကို ဆက်သွယ်​မေး​ကြည့်​ဖို့​ ​ပြောပါတယ်။

ကျိုက်ထီး​ရိုး​တောင်တက် ကား​အသင်း​ တာဝန်ရှိသူတဦး​က သူတို့​ရဲ့​ အခက်အခဲကို ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​က ကား​ထွက်မယ်ဆိုရင် ကြို​အော်တာပဲ။ အလွန်ဆုံး​ ၁၀ မိနစ် ၁၅ မိနစ် ​စောင့်​ပြီး​တာနဲ့​ ကား​ကို ချက်ချင်း​ထိုး​ပေး​ပြီး​ ချက်ချင်း​ပြန်တက်​ပေါ့​။ တတ်နိုင်သ​လောက်​တော့​ အလျင်အမြန် လုပ်​ပေး​ပါတယ်။ ကား​က နှစ်လမ်း​မောင်း​လုပ်လို့​ မရ​တော့​ အချိန်က လင့်​တာ​ပေါ့​ဗျာ။ အတက်ကား​စုံမှ အဆင်း​ကား​ဆင်း​ရတယ်တဲ့​အတွက် အချိန်​တော့​ ​စောင့်​ရတာ​ပေါ့​။ ကား​မလုံ​လောက်လို့​လည်း​ မဟုတ်ဘူး​၊​ ကား​က​တော့​ ကျ​နော်တို့​မှာ ၁၄၃ စီး​။ ၁၄၃ စီး​လုံး​ အ​ပေါ်တက်သွား​ပြီး​ရင် ကား​က လှည့်​စရာ​နေရာကို မရှိသ​လောက်ပဲ။ ကား​ကွင်း​ အ​နေအထား​ အရကလည်း​ ​နေရာမ​ပေး​နိုင်ဘူး​ပေါ့​။ တကယ် ဧည့်​သည်ကျတဲ့​ အချိန်ကျ​တော့​လည်း​ မနိုင်ဘူး​၊​ ကြား​ရက်ကျ​တော့​လည်း​ မဆွဲရပြန်ဘူး​။”

နိုင်ငံခြား​သား​ ကမ္ဘာလှည့်​ခရီး​သည်​တွေအတွက် ခရီး​သွား​လုပ်ငန်း​ ​အေဂျင်စီ​တွေက ကြိုတင် ဆက်သွယ်ထား​ရင် အဆင်​ပြေ​အောင် ​ဆောင်ရွက်ထား​တယ်လို့​လည်း​ ​ပြောပါတယ်။

“ခရီး​သွား​လုပ်ငန်း​တခုက​နေပြီး​တော့​ ဘယ်​နေ့​လာမယ်၊​ ဘယ်အချိန်​လောက် ​ရောက်မယ်ဆိုတာ အချိတ်အဆက် လုပ်ထား​ရတာ​ပေါ့​နော်။ ​ရောက်ရင် ကား​ကို ဆိုဖာခုံ​တွေ အကုန်လုံး​ ​ကောက်တင်ပြီး​တော့​ အဲ့​ဒီ နိုင်ငံခြား​သား​ကိုပဲ ပို့​လိုက်တာ​ပေါ့​။ ဒါ​ပေမယ့်​ ​ဈေး​က​တော့​ ၂ ဆဖြစ်သွား​တာ​ပေါ့​။”

စ​နေ၊​ တနင်္ဂ​နွေလို ဘုရား​ဖူး​အလာများ​တဲ့​နေ့​တွေ​တော့​ အဲ့​ဒီလို သီး​ခြား​စီစဉ်​ပေး​ဖို့​ မလွယ်ဘူး​လို့​လည်း​ ​ပြောပါတယ်။

ကျိုက်ထီး​ရိုး​ဘုရား​ကို ဒီဇင်ဘာ၊​ ဇန်နဝါရီလ​တွေမှာ ဘုရား​ဖူး​ အ​မြောက်အမြား​လာ​ရောက် ဖူး​မြော်​လေ့​ရှိကြပြီး​ အစား​အ​သောက်၊​ တည်း​ခို​နေထိုင်​ရေး​၊​ သွား​လာ​ရေး​တို့​မှာလည်း​ အခုလိုပဲ အခက်အခဲ​တွေ ​တွေ့​ကြရမြဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013