Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် လူငယ် ၁ ဦးစိတ်ဖောက်ပြန်ပြီး လက်ကိုဓားဖြင့် ခုတ်ဖြတ်
DVB
·
January 26, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းအုပ်စု ကျွန်းကုန်းကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် မောင်ယဉ်ထွေးဟာ ဇန်နဝါရီ ၂၄ ရက်က စိတ်ဖောက်ပြန်ပြီး ကိုယ့်လက်ကို ဓားနဲ့ ပိုင်းခုတ်ခဲ့လို့ တံတောင်ဆစ်ပြတ်သွားပါတယ်။ “လူငယ်ဟာ စိတ်ဖောက်ပြန်နေတာ ၃ နှစ်လောက်ရှိနေပြီ။ နားမား အလယ်တောကျေးရွာ ဇာတိ၊ အဒေါ်ဖြစ်သူရဲ့ ကျွန်းကုန်းကျေးရွာမှာ နေထိုင်စဉ် အခုလို ဖြစ်ပွားခဲ့တာပါ။ လူငယ်က လက်ကို သူ့ဟာသူခုတ်လိုက်တာ”လို့ မိုးညှင်းဆေးရုံပို့ဆောင်ပေးခဲ့တဲ့ မေတ္တာလေညှင်း ပရဟိတအသင်းက ဒေါ်ခင်မာလင်းက ပြောပါတယ်။ “၃ ချက်လောက်ခုက်ပီးတိတိရိရိပြတ်သွားတာ တောကဆိုတော့ နားမလည်တော့ ကြာသွား တော့ ဆက်မရတော့ဘူး။ မောင်နှမ  ၇ ယောက်ထဲမှာ ၅ ဦးမြောက် ပညာကို ၈ တန်းထိသင်ခဲ့ရပြီး ဆင်းရဲပြီး မိဘတွေကအဝေးမှာ စီးပွားရှာနေတော့သူက သူများတွေနဲ့ တန်းတူမရတဲ့ ဘဝမှာ မပျော်ဘူးလို့ ခဏခဏပြောတယ်”လို့  အစ်မဖြစ်သူ မအိခိုင်က ပြောပါတယ်။ လူနာကို မိုးညှင်းခရိုင်ဆေးရုံကြီး ပို့ဆောင်ပေးခဲ့ပြီး မိုးညှင်းဆေးရုံကြီးကနေ ဇန်နဝါရီ ၂၆ ရက်က မြစ်ကြီးနားဆေးရုံကို လက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း သူ့ကို မြစ်ကြီးနားစိတ်ရောဂါဆေးရုံကို ပို့ဆောင်ပေးခဲ့ ရဖူးပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024