A d v e r t i s e m e n t With Us

မဟာဗန္ဓုလတံတား​တွင် ကား​မှောက်၊​ တဦး​ ​သေဆုံး

ရန်ကုန် မဟာဗန္ဓုလတံတား​ပေါ်မှာ ဒီ​နေ့​ည​နေ ၄ နာရီ​လောက်က သန်လျင်က​နေ ရန်ကုန်မြို့​တွင်း​ကိုလာတဲ့​ ခရီး​သည်တင် ဘီအမ်ကား​တစီး​ တိမ်း​မှောက်မှု ဖြစ်ပွား​ခဲ့​ပြီး​ တဦး​ ​သေဆုံး​သွား​ပါတယ်။ မျက်မြင်တဦး​က “သူက သန်လျင်ဘက်ကလာတယ်​ပေါ့​ ဘီအမ်ကား​၊​ အဲဒီမှာ သူတို့​ မဟာဗန္ဓုလတံတား​ ကုန်း​ကျော်​တော့​ ကုန်း​အတက်​ပေါ့​ဗျာ။ အဲ့​ဒီမှာ ဘရိတ်​ပေါက်ပြီး​တော့​ ညာဘက်အခြမ်း​က​နေပြီး​တော့​ လာတာ ဘယ်ဘက်အခြမ်း​ဘက်ထိ ဆွဲသွား​တာပဲ။ ကား​အရှိန် မထိန်း​နိုင်​တော့​ပဲ ရဲကင်း​တခု ဝင်တိုက်၊​ ဂျီတီစီက ​ကျောင်း​သူ​လေး​တွေ ​ကျောင်း​သား​လေး​တွေ ပါတယ်​ပြောတယ်။ အခု ​လော​လောဆယ် သိရတာက​တော့​ တ​ယောက်​သေတယ်” လို့​ ​ပြောပါတယ်။ သေဆုံး​သွား​သူဟာ ယာဉ်​နောက်လိုက်ဖြစ်ပြီး​ ဒဏ်ရာရသူ​တွေကို ရန်ကုန်​ဆေး​ရုံကြီး​မှာ ပို့​ဆောင်ကုသထား​ပါတယ်။ ကား​ပေါ်မှာလည်း​ ​ကျောင်း​သူ​ကျောင်း​သား​တွေအပါအဝင် လူ ၃ဝ​လောက် တင်​ဆောင်လာတယ်လို့​ ​ပြောပါတယ်။ ရန်ကုန်​ဆေး​ရုံကြီး​ အ​ရေး​ပေါ်ဌာန တာဝန်ကျ ဆရာမတဦး​က “​ဆေး​ရုံ​ရောက်လာပါတယ်။ လူနာ​တွေ အများ​ကြီး​ရောက်လာလို့​ ဘယ်သူ​တွေ ပါတယ်ဆို​တော ​ပြောလို့​ မရဘူး​နော်။ ၂၀ ​တော့​ ​ကျော်တယ်၊​ အတိအကျ​တော့​ မသိ​သေး​ပါဘူး​။ ပြင်း​ထန်တာ​တွေလည်း​ ရှိသလို နည်း​တာ​တွေလည်း​ ရှိတယ်။ အဲဒီလိုမျိုး​က​တော့​ ​သေချာ​ပြောလို့​ မသိ​သေး​ဘူး​။ အခု​လော​လောဆယ် လာ​နေကြတုန်း​ပဲ” လို့​ ​ပြောပါတယ်။ မဟာဗန္ဓုလ တံတား​အဆင်း​ဟာ မကြာခဏဆိုသလို ယာဉ်တိမ်း​မှောက်မှု ဖြစ်ပွား​တယ်လို့​ ရန်ကုန်မြို့​ခံ​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up