Home
မြန်မာသတင်း
ရန်ကုန်တွင်မောင်းနေသည့် လိုင်စင်မဲ့ကားများကို ထိရောက်စွာအရေးယူမည်ဟုသတိပေး
DVB
·
January 26, 2017
ရန်ကုန်မြို့မှာ တရားမ၀င်မောင်းနှင်နေတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ထိထိရောက်ရောက် စိစစ်အရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတိပေးကြေညာလိုက်ပါတယ်။ ယာဉ်ကြောကျပ်နေတဲ့  ရန်ကုန်မြို့ထဲမှာ တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်တွေဟာ နံပတ်အနီတွေနဲ့ရော အနက်တွေနဲ့ပါ  တပ်ဆင်မောင်းနှင်နေကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် လိုင်စင်မဲ့ကားတွေဟာ ဒုစရိုက်လုပ်ငန်းတွေပါဆောင်ရွက်နိုင်တာကြောင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတား ဖြစ်စေသလို နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေတွေလည်း နစ်နာဆုံးရှုံးမှုရှိနေတယ်လို့ လည်း ဆိုပါတယ်။ ဒါ့ကြောင့် တရားမ၀င်လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ အသုံးပြုသူတွေကို  ပြဌာန်းဥပဒေတွေနဲ့ အညီ ထိရောက်စွာ စစ်ဆေး အရေးယူသွားတော့မယ်လို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024