DVB Logo
Home
မြန်မာသတင်း
လသာ ဦး​ကြည်မြင့်​ လက်ရှိပါတီမှ နုတ်ထွက်ပြီး​ အန်အယ်လ်ဒီပါတီဝင်မည်
DVB
·
December 7, 2011
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီပါတီသစ် ဒု-ဥက္ကဋ္ဌ လသာမြို့​နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ကြည်မြင့်​ဟာ ပါတီမှ နုတ်ထွက်ပြီး​ အန်အယ်လ်ဒီပါတီဝင်အဖြစ် ပြန်လည်​လျှောက်ထား​တော့​မှာ ဖြစ်ပါတယ်။

အခုလို ပါတီကနုတ်ထွက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် အန်အယ်လ်ဒီမှာ ပါတီဝင်အဖြစ် ပြန်လည်​လျှောက်ထား​ဖို့​ လုပ်ရတဲ့​အ​ကြောင်း​ကို ဦး​ကြည်မြင့်​က ခုလို ​ပြောပါတယ်။

“ကျ​နော်က အ​စောကတည်း​က အန်အယ်လ်ဒီပဲ​လေ။ ၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​ကလည်း​ အန်အယ်လ်ဒီက​နေပြီး​တော့​ ကျ​နော် လသာမှာ အနိုင်ရတယ်​လေ။ ကျ​နော်တို့​ အခု ၂၀၁၀ မှာ ​ရွေး​ကောက်ပွဲ ပြန်ဝင်​တော့​လည်း​ အန်ဒီအက်ဖ်လို့​ ​ပြော​ပေမယ့်​လို့​လည်း​ အန်ဒီအက်ဖ်က ကျ​နော်တို့​က ခ​မောက်ပါပဲ။ အစ်မနဲ့​ တတွဲတည်း​ပါပဲ။ အန်အယ်လ်ဒီပါပဲ ဆိုတဲ့​ပုံစံနဲ့​ ကျ​နော်တို့​က ပြည်သူ့​ဆီက​နေ မဲ​တောင်း​ခဲ့​တာ​လေ။ အဲဒီ​တော့​ကား​ အခု အစ်မတို့​က​နေပြီး​တော့​ ​ရွေး​ကောက်ပွဲပြန်ဝင်မယ်၊​ ပါတီ ပြန်ပြီး​ မှတ်ပုံတင်မယ် ဆိုတဲ့​အခါကျ​တော့​ ကျ​နော့်​အ​နေနဲ့​ မူလပါတီ ပြန်သွား​တဲ့​ သ​ဘောပဲပါပဲ။”

ဒါ့​အပြင် လက်ရှိ အမျိုး​သား​ဒီမိုက​ရေစီပါတီသစ်ရဲ့​ ​ပြောဆိုရပ်တည်ချက်နဲ့​ သူ့​ရပ်တည်ချက် မတူတာ​ကြောင့်​လည်း​ ပါတယ်လို့​ ဆိုပါတယ်။

“​စောတုန်း​က ​ပြောခဲ့​တဲ့​ အန်ဒီအက်ဖ်မှာ​ရော၊​ အန်အယ်လ်ဒီမှာ​ရော ​ပြောခဲ့​တဲ့​စကား​က အဲဒီလို စကား​မျိုး​ပဲ။ အခုကျ​တော့​ဗျာ ပူး​ပေါင်း​မယ်ဆိုတဲ့​ စကား​လုံး​မျိုး​နဲ့​ တခုက မဟာမိတ်​ပေါ့​ဗျာ​နော်၊ ပါတီတခုနဲ့​ တခု ပါတီ မဟာမိတ်အဖြစ်နဲ့​ သွား​မယ်ဆိုတဲ့​ ပုံစံမျိုး​ပေါ့။ ​နောက်တခုက ​ပေါင်း​တော့​ပေါင်း​မယ် ​ရွေး​ကောက်ပွဲမှာ ဘယ်​နေရာ​ပေး​ရမယ် ဆိုတဲ့​ အ​ပေး​အယူမျိုး​နဲ့​ ​ပေါင်း​မယ့်​ သ​ဘောမျိုး​တွေ​ပေါ့​။ အဲဒီ​တော့​ ကျ​နော့်​ အ​နေနဲ့​က​တော့​ မူလစကား​ဖြစ်တဲ့​ အကြွင်း​မဲ့​ ခြွင်း​ချက်မရှိ လုံး​ဝဖျက်သိမ်း​ပြီး​တော့​ အန်အယ်လ်ဒီကို ပြန်ဝင်မယ့်​ လိုင်း​က နဂိုကတည်း​က ​ပြောတဲ့​စကား​၊​ ဒီအတိုင်း​ပဲ ကျ​နော်က ရပ်တည်မယ်ဆိုတဲ့​ သ​ဘောပါပဲ။”

အမျိုး​သား​ဒီမိုက​ရေစီပါတီသစ် ဥက္ကဋ္ဌဦး​သိန်း​ညွန့်​က ဦး​ကြည်မြင့်​ ပါတီက နုတ်ထွက်တယ်ဆိုတာမှန်​ပေမယ့်​ အခုထိ​တော့​ နုတ်ထွက်စာ တင်မထား​သေး​ဘူး​လို့​ ​ပြောပါတယ်။ နုတ်ထွက်စာ ​ရောက်လာရင် ခွင့်​ပြုမှာပါဆိုပြီး​၊​ သူ့​ရဲ့​သ​ဘောထား​ကို ​ပြောပါတယ်။

“ကျ​နော်တို့​က ခွင့်​ပြုမှာပါ။ ဒါသူ့​ရဲ့​ ဒီမိုက​ရေစီ ဆန္ဒပဲ​လေ။ တခု​တော့​ဗျာ ကိုယ်​ပြောတဲ့​ အ​ကြောင်း​အရာ​တွေ ကိုယ်​ပြောတာ​တွေ လိပ်ပြာသန့်​ဖို့​တော့​ လိုတာ​ပေါ့​။ အား​လုံး​သိပြီး​သား​ အ​ကြောင်း​တွေ ရှိကြတာကိုး​။”

လသာဦး​ကြည်မြင့်​အ​နေနဲ့​ အန်အယ်လ်ဒီပါတီဝင်အဖြစ် ပြန်လည် ​လျှောက်ထား​လာရင် အန်အယ်လ်ဒီရဲ့​ သ​ဘောထား​က ဘယ်လိုရှိမလဲ ဆိုတာနဲ့​ ပတ်သက်ပြီး​ အန်အယ်လ်ဒီ​ပြောခွင့်​ရ ဦး​အုန်း​ကြိုင်က ခုလိုရှင်း​ပြပါတယ်။

“ဒီကိစ္စကျ​နော်တို့​က ကြိုတင်ပြီး​တော့​ ဘာမှ ဆုံး​ဖြတ်​ပေး​ဖို့​ မ​ကောင်း​ ​သေး​ဘူး​ဗျ။ လူကြီး​တွေ သ​ဘောထား​က​တော့​ အန်အယ်လ်ဒီအ​ပေါ်မှာ အ​ကြောင်း​​ကြောင်း​ကြောင့်​ပေါ့​ဗျာ။ ပါတီက​နေ စွန့်​ခွာသွား​တဲ့​လူတို့​၊​ အ​ရေး​ယူခံရတဲ့​ လူတို့​ ဘာတို့​ပေါ့​ဗျာ။ အဲဒါ​တွေ ဆိုရင်လည်း​တဲ့​ ​လျှောက်ခွင့်​တော့​ ​ပေး​လိုက်ပါတဲ့​ အဲဒီလို ​ပြောတယ်။ သူတို့​က​တော့​ အား​လုံး​ ပြန်ပြီး​တော့​ တစုတစည်း​တည်း​ ပြန်စုစည်း​ချင်တဲ့​ စိတ်ကူး​ပေါ့​။ ဒါ​ပေမယ့်​ အခု ကိုကြည်မြင့်​ ကိစ္စက​တော့​ တိုင်း​ကျော် ပြည်​ကျော်ကိစ္စလည်း​ ဖြစ်​နေ​တော့​ သီး​ခြား​ စဉ်း​စား​ရမယ့်​ကိစ္စလို့​ ကျ​နော့်​ တ​ယောက်တည်း​ ဆိုရင်​တော့​ မြင်တယ်ဗျ။”

ဦး​ကြည်မြင့်​ဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စု အန်ဒီအက်ဖ် ကိုယ်စား​လှယ်အဖြစ် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​ လသာမြို့​နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်ဖြစ်ခဲ့​ပါတယ်။ အဲ့​ဒီ​နောက် ဦး​သိန်း​ညွန့်​ခေါင်း​ဆောင်ပြီး​ တည်​ထောင်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ ပါတီသစ်မှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့​သူ ဖြစ်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီက​တော့​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၂၅ ရက်က ​ရွေး​ကောက်ပွဲ ​ကော်မရှင်ထံ ပါတီထူ​ထောင်ခွင့်​ ပြန်လည် ​လျှောက်ထား​ပြီး​ ပါတီမှတ်ပုံတင်ဖို့​ ပြင်ဆင်​နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013