DVB Logo
Home
မြန်မာသတင်း
တနင်္သာရီအမျိုးသားများ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် မူဝါဒချမှတ်
DVB
·
January 26, 2017
တနင်္သာရီအမျိုးသားများ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် မူဝါဒချမှတ်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးကို တနင်္သာရီအမျိုးသားများပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ မနေ့က ကျင်းပပြီးစီးသွားတဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ မူဝါဒ ချမှတ်လိုက်ပါတယ်။

ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့တဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ အပိုင်း ၄ ပိုင်းပါ နိုင်ငံရေး ကဏ္ဍဆိုင်ရာ မူဝါဒစာတမ်းမူကြမ်းကိုဆွေးနွေးအပြီး နောက်ဆုံးရက်မှာတော့ ထပ်ဆင့်ဆွေးနွေး တင်ပြချက် အပိုင်း ၅ ဆိုပြီး တနင်္သာရီတိုင်းဒေသကြီးကို တနင်္သာရီအမျိုးသားများပြည်နယ်အဖြစ် သတ်မှတ်ဖို့ သဘောတူချမှတ်လိုက်တာပါ။

တနင်္သာရီတိုင်းဒေသကြီးအခြေစိုက် သက်ဆိုင်ရာ ဒေသအလိုက် တက်ရောက်လာတဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကိုယ်စားလှယ်တွေနဲ့ တပ်မတော် ကိုယ်စားလှယ်တွေက ဆွေးနွေးအတည်ပြု လိုက်ကြ တာလည်းဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲကနေ အတည်ပြုလိုက်တဲ့ မူဝါဒတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီထံ တင်ပြပြီးမှ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဖတ်ကြား တင်သွင်းရမှာပါ။ အဲဒီကမှတဆင့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းနိုင်ပါက  တနင်္သာရီတိုင်းကို အမျိုးသားများပြည်နယ်အဖြစ်ပြောင်းလဲဖို့ အဆိုပါ မူဝါဒအတည်ဖြစ်မှာပါ။

ကျင်းပခဲ့တဲ့ ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ မူဝါဒ စာတမ်းတွေကိုလည်း အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ် ၇၀၀ နီးပါးက ဆွေးနွေးပြီး မူဝါဒ ၃ ရပ်ကို အတည်ပြုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013