မြေပုံမြို့တွင် ကြက်ဆူသီးစားမိရာက ကျောင်းသား ၅၀ ကျော် အစာအဆိပ်သင့်
DVB
·
January 25, 2017

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝတ်ဂေါင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသူ/သား ၅၀ ကျော်ဟာ ကြက်ဆူပင်မှ ကြက်ဆူသီးကို စားရာကနေ အစာသင့်မှု ဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ညနေ ကျောင်းဆင်းချိန်မှာ ဝတ်ဂေါင်းဘုန်တော်ကြီးကျောင်းနား ကြက်ဆူပင်က ကြက်ဆူသီးခူးစားရကနေ့ အော့အန်တာတွေ၊မှုဝေတာတွေ၊ ဝမ်းသွားတာတွေဖြစ်ခဲ့တာပါ။
မြေပုံမြို့ ပြည်သူ့ဆေးရုံ ဒေါက်တာဝင်းနိုင်စိုးက “ကြက်ဆူးသီးစားမိရာကနေ အဆိပ်သင့်တာပါ။ ကျောင်းသူ/ ကျောင်းသား ၅၀ ကျော်ရှိပါတယ်။ အော့အန်တာတွေ၊ မှုဝေတာတွေ၊ ဝမ်းသွားတာတွေ ဖြစ်တာပါ။ မနေ့က ၄ နာရီစဖြစ်တာလို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းနားက ကြက်ဆူသီးကို စားရကနေဖြစ်တာပါ။ မြေပုံမြို့ ဆေးရုံကိုရောက်တာက ညနေ ၇ နာရီမှာ ရောက်တယ်။ အရေ သွင်းတာတွေ၊ ကုသတာတွေ လုပ်ပြီးပါပြီ”လို့ ဒီဗွီဘီကိုပြောပါတယ်။
မြေပုံပြည်သူ့ဆေးရုံမှာအတွင်းလူနာ ၆ ဦး၊ အပြင်လူနာ ၄၉ ဦး ကုသခဲ့ရပြီး ဒီနေ့မနက်ပိုင်းမှာတော့ စိုးရိမ်စရာမရှိဘဲ ဆေးရုံကနေ အားလုံးဆင်းသွားကြပြီလို့ ဒေါက်တာဝင်နိုင်စိုးက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို