DVB Logo
Home
မြန်မာသတင်း
စစ်​ပြေး​ဒုက္ခသည်အ​ခြေအ​နေနှင့်​ပတ်သက်၍ ​မေး​မြန်း​ချက်
DVB
·
December 6, 2011
Donate to DVB

ကချင်ပြည်နယ်က စစ်​ပြေး​ဒုက္ခသည်သည်​တွေကို ရန်ကုန်နဲ့​မန္တ​လေး​က လူမှု​ရေး​အဖွဲ့​တွေ သွား​ရောက် လှူဒါန်း​ကြရာမှာ ဒီ​နေ့​မှာ​တော့​ ဝိုင်း​မော်မြို့​ပေါ်က စစ်​ပြေး​ဒုက္ခသည်​တွေကို သွား​ရောက်ကူညီကြပါတယ်။

ရန်ကုန်အ​ခြေစိုက် ကို​ကျော်သူရဲ့​ နာ​ရေး​ကူညီမှုအသင်း​၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​၊​ မန္တ​လေး​က ဘဝအလင်း​ပရဟိတအသင်း​၊​ က​လေး​ချစ်သူများ​ကွန်ရက်တို့​ စုစည်း​ပြီး​ မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်​ဒေသ တဝိုက်က ဒုက္ခသည်​တွေကို သွား​ရောက်ကူညီလှူဒါန်း​နေတာပါ။

ဒီအဖွဲ့​တွေရဲ့​ လှူဒါန်း​မှု အ​ခြေအ​နေနဲ့​ ဝိုင်း​မော်မြို့​က ကချင်စစ်​ပြေး​ဒုက္ခသည် အ​ခြေအ​နေကို​တော့​ ကိုယ်တိုင်သွား​ ​ရောက်လှူဒါန်း​နေတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုမြတ်သူကို ​မေး​မြန်း​ထား​ပါတယ်။

“ဒီ​နေ့​တော့​ ဝိုင်း​မော်တဝိုက်ကို သွား​ပါတယ်။ ဒုက္ခသည်​တွေက​တော့​ ဘယ်လို​ခေါ်မလဲ။ WFP(World Food Programme) တို့​ ဝင်တာ​တော့​ ရှိတယ်။ ​တော်​တော်ကြီး​ကို ချို့​ချို့​တဲ့​တဲ့​တွေပါ။ နွမ်း​နွမ်း​ပါပါး​တွေပါ။ ခရစ်ယာန်​ကျောင်း​တွေက ​စောင့်​ရှောက်ထား​တယ်။ တချို့​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တွေ ​စောင့်​ရှောက်ထား​တဲ့​ ​နေရာ​တွေလည်း​ ရှိတယ်။ အများ​စုက​တော့​ ခရစ်ယာန်​ကျောင်း​တချို့​နဲ့​ ​တော်​တော် များ​များ​က​တော့​ သူတို့​က ​စောင့်​ရှောက်ထား​တာပါ။ ​နေစရာက​တော့​ ယာယီတဲ​တွေနဲ့​ အဲဒါမျိုး​တွေ မိုး​ကာပြီး​တော့​ပဲ ​နေကြတယ်။ အမျိုး​သား​တွေ​တော့​ နည်း​တယ်။ အမျိုး​သမီး​တွေနဲ့​ က​လေး​တွေ အများ​ဆုံး​ပဲ။ က​လေး​တွေက ​တော်​တော်များ​တယ်။”

အစား​အ​သောက်အတွက်ကျ​တော့​ သူတို့​ကို ဘယ်သူ​တွေက ကူညီ​ပေး​နေလဲ။

“​တော်​တော်များ​များ​တော့​ WFP က ဆန်၊​ ဆီ၊​ ဆား​တွေ​တော့​ပေး​တယ်။ ဟင်း​စား​တွေဘာ​တွေ​တော့​ ​တော်​တော်ချို့​တဲ့​ကြတယ်။”

ဆောင်း​တွင်း​လည်း​ ​ရောက်လာကြ​တော့​ ကျန်း​မာ​ရေး​ အ​ခြေအ​နေ​တွေ ဘယ်လိုရှိလဲ။

“ကျန်း​မာ​ရေး​က​တော့​ ဒီမှာ မန္တ​လေး​က ဘဝအလင်း​က ဆရာဝန်တ​ယောက်ပါတယ်။ တ​နေရာတည်း​မှာတင် ထိုင်ပြီး​ကု​ပေး​တာ မပြီး​နိုင်ဘူး​။ မြစ်ကြီး​နား​က ဆရာဝန်​တွေလည်း​ ဝိုင်း​ကူညီတာရှိတယ်။ တချို့​နေရာ​တွေ​တော့​ ​ကျေး​ရွာ​တွေက ​ဆေး​ဝါး​ ကျွမ်း​ကျင်တဲ့​လူ​တွေ လာကု​ပေး​တာ​တွေ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ ​တော်​တော်များ​များ​က​တော့​ မရှိဘူး​။”

က​လေး​သူငယ်​တွေက ကျောင်း​တွေဘာ​တွေ​ တက်ရတဲ့​ အ​ခြေအ​နေ ဘယ်လိုရှိလဲ။

“စာသင်​ပေး​တဲ့​နေရာ​တွေ ဘာ​တွေ​တော့​ ရှိတယ်။ အသင်း​တော်က​တော့​ တတ်နိုင်သ​လောက်​တော့​ သူတို့​လုပ်​ပေး​နေတာပဲ။”

ဒီမှာ အခုတဦး​ကို ကျပ် ၃၅၀၀ စီလှူဒါန်း​သွား​တယ်​ပေါ့​။ သူတို့​တွေအတွက် ဒီထက်ဘာ​တွေ လိုအပ်​သေး​လဲ။ ကိုယ်တိုင်မြင်ခဲ့​ရသူ တ​ယောက်အ​နေနဲ့​။

“တချို့​နေရာ​တွေမှာ ဒုက္ခသည်​တွေက အဆမတန်များ​တော့​ မလုံ​လောက်တဲ့​နေရာ​တွေ ရှိပါတယ်။ ဟင်း​ဖိုး​တွေ ​နောက် ​ဆေး​အခက်အခဲရှိတယ်။ ​ဆေး​တို့​၊​ ဟင်း​တို့​၊​ အဝတ်အစား​လည်း​ ​တော်​တော်လိုတယ်။”

အစ်ကိုတို့​မ​ရောက်​သေး​တဲ့​ မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်ဆိုတာ မြို့​ပေါ်မှာပဲ ရှိတယ်။ တကယ့်​စစ်ပွဲဖြစ်တဲ့​ ​နေရာ​တွေမှာ​ရော ဘယ်လိုအခက်အခဲ​တွေ ရှိတယ်လို့​ ကြား​ရလဲ။

“ဗန်း​မော်အနီး​အနား​မှာ တရုတ်ရဲ့​နယ်စပ်မှာ ဒုက္ခသည်စခန်း​တွေ ​တော်​တော်များ​များ​ရှိတယ်လို့​ ကြား​တယ်။ အဲဒီမှာ​တော့​ ပို​တောင်များ​တယ်လို့​ကြား​တယ်။ သွား​မယ့်​လူရှိတယ်လို့​ ကြား​တယ်။ ဒီမှာ​တွေ့​ရတဲ့​ ဒုက္ခစခန်း​တွေထက်ကို အများ​ကြီး​ပိုဆိုး​တယ်လို့​ ကြား​တယ်။ ​တော်​တော် ချို့​ချို့​တဲ့​တဲ့​ကို ​နေထိုင်စား​သောက်ရတဲ့​ သ​ဘောဖြစ်​နေတယ်။”

အဲဒီဘက်​တွေမှာ​ရော တိုက်ပွဲ​တွေ အ​ခြေအ​နေက ရပ်နိုင်တဲ့​ အ​ခြေအ​နေရှိလား​။ ဆက်ဖြစ်​နေတုန်း​ပဲလား​။ ဘယ်လိုအ​နေအထား​တွေ့​လဲ။

“ဝိုင်း​မော်နား​မှာ တိုက်ပွဲဖြစ်​နေတယ်လို့​ ပြန်လာတဲ့​သူ​တွေဆီက ကြား​လိုက်​သေး​တယ်။ အဲဒီနား​မှာကို ဖြစ်​နေတာ။”

တခြား​ ဘာများ​ပြောချင်တာ ရှိဦး​မလဲ။

“အရင်တုန်း​က ဒီ​နေရာမှာ ဖြစ်ပျက်​နေတာ​တွေကို သိပ်မသိကြဘူး​။ အရင်တုန်း​က ကျ​နော်တို့​ ကိုယ်တိုင်​ရောက်ပြီး​တော့​မှ ဒီလူ​တွေကို​တွေ့​ရမယ်ဆိုရင် အများ​ကြီး​ကို ကူညီကြမယ်လို့​ ထင်ပါတယ်။ အား​လုံး​ကို ဗမာပြည်တဝှမ်း​လုံး​မှာရှိတဲ့​ လူ​တွေအား​လုံး​ကို ကိုယ့်​တိုင်း​ရင်း​သား​တွေဖြစ်တဲ့​ ကချင်လူမျိုး​တွေအ​ပေါ်မှာ စာနာတဲ့​ အ​နေနဲ့​ ကူညီကြဖို့​ကို အများ​ကြီး​ နှိုး​ဆော်ချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013