Home
ရုပျသံ
ဒေါ်အောင်ဆန်းစုကြည် ကြီးရွာတွင် တအိမ်ဝင်တအိမ်ထွက် ထောက်ပံ့ကြေးများ ပေးအပ် (ရုပ်သံ)
DVB
·
January 25, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နါဝရီ ၂၅ ရက်နေ့က ပခုက္ကူမြို့နယ် ကြီးရွာမှာ မီးဖွားပြီး မိခင်လေးဦးရဲ့ နေအိမ်တွေမှာ တအိမ်ဝင်တအိမ်ထွက် ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပြီး  ကလေးငယ်တွေကို သေချာဂရုစိုက်ဖို့ မှာကြားခဲ့ပါတယ်။ ထောက်ပံ့ကြေးရရှိတဲ့ ကလေးမိခင် ဒေါ်ကြည်မြိုင်က ဒေါ်အောင်ဆန်းစုကြည်က ကလေးငယ်တွေကို သေချာဂရုစိုက်ပေးဖို့ အဓိက မှာကြားခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဲဒီလို ထောက်ပံ့ကြေးတွေ လိုက်လံပေးအပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးရွာသားတဦးကို စားဝတ်နေရေး၊ စီးပွားရေး အခြေနေတွေ မေးမြန်းထားတာလည်း ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024