Saturday, June 10, 2023
၈၈ မျိုး​ဆက်ကျောင်း​သား​အချို့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်မည်
ကျင်း​ပဖို့​ရှိ​နေတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဂဂမျိုး​ဆက်​ကျောင်း​သား​ လူငယ်များ​တချို့​လည်း​ ဝင်​ရောက်ယှဉ်ပြိုင်မယ်လို့​ သိရပါတယ်။
၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုဖြိုး​မင်း​သိန်း​က “ဂဂမျိုး​ဆက်​ကျောင်း​သား​တွေထဲမှာ အဓိကက ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံမယ်ဆိုတာ ဘုံသ​ဘောထား​တူညီချက်ပါ။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံတဲ့​နေရာမှာ ပါတီပြင်ပက​နေ၊​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချူပ်ထဲကို​တော့​ မဝင်ဘူး​ပေါ့​ဗျာ။ ပါတီပြင်ပက​နေ ဝန်း​ရံမယ်ဆိုတဲ့​ အင်အား​စု တစုရှိတယ်။ တစုက​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ထဲကို ဝင်ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံမယ်။ ဒါ​ပေမယ့်​ လွှတ်​တော်ထဲကို​တော့​ မသွား​ဘူး​။ ​ရွေး​ကောက်ပွဲမဝင်ဘူး​ပေါ့​ဗျာ။
“တစုက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံမယ်။ ​ဒေါ်​အောင်ဆန်း​စုကြည် တာဝန်​ပေး​မယ်ဆိုရင် လွှတ်​တော်နိုင်ငံ​ရေး​ထဲထိ လှုပ်ရှား​မယ် ဆိုတဲ့​ သ​ဘောထား​ရှိတယ်။ ရပ်တည်မှု ပုံစံက သုံး​မျိုး​ရှိ​နေတယ်။ ​ဒေါ်စုကို ဝန်း​ရံမယ်ဆိုတာက​တော့​ အား​လုံး​ကတူညီတဲ့​ သ​ဘောထား​ဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို နိုင်ငံ​ရေး​နည်း​အရ ဝန်း​ရံပြီး​တော့​ အန်အယ်လ်ဒီရဲ့​ ​ရွေး​ကောက်ပွဲ မူ ၃ ချက်ကို ​ထောက်ခံပြီး​တော့​ ​ဖော်​ဆောင်ရမှာ​တွေကို လွှတ်​တော်တွင်း​ရော လွှတ်​တော်ပြင်ပက​နေ လုပ်​ဆောင်သွား​မယ်လို့​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။
“အန်အယ်လ်ဒီက ​ရွေး​ကောက်ပွဲဝင်​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ချမှတ်ထား​တဲ့​ မူ ၃ ချက်ရှိတယ်။ အဲ့​ဒီ မူ ၃ ချက်က တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး​ရယ်​ပေါ့​။ အဲ့​ဒီ မူ ၃ ချက်ကိုလည်း​ ကျ​နော်တို့​က ​ထောက်ခံတယ်။ အဲ့​အတွက် ကျ​နော်တို့​က အန်အယ်လ်ဒီနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်အတွက် အား​ဖြစ်​အောင် မူ ၃ ချက်မှာ ​ဖော်​ဆောင်ရမယ့်​ အချက်​တွေကို ကျ​နော်တို့​က ဝိုင်း​ဝန်း​ပြီး​တော့​ လွှတ်​တော်ပြင်ပပဲဖြစ်ဖြစ်၊​ လွှတ်​တော်တွင်း​ပဲဖြစ်ဖြစ်​ပေါ့​၊​ အန်အယ်လ်ဒီက လွှတ်​တော်ထဲသွား​တယ်ဆိုလည်း​ ကျ​နော်တို့​က လွှတ်​တော်ပြင်ပက​နေ ဒါ​တွေကို ပူး​ပေါင်း​ဖော်​ဆောင် ​ပေး​မယ်ဆိုတဲ့​ သ​ဘောထား​မျိုး​ ကျ​နော်တို့​မှာ ရှိတယ်။”
ဂဂမျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်များ​အပါအဝင် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို မလွှတ်သမျှ လာမယ့်​ ​ရွေး​ကောက်ပွဲကို ဝင်​ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး​လို့​ ကိုထွန်း​မြင့်​အောင်၊​ ကိုစိုး​ထွန်း​၊​ ကိုမြတ်သူ ကိုကိုကြီး​ (စမ်း​ချောင်း​) တို့​က​နေ ဒီဇင်ဘာလ ၅ ရက်​နေ့​ ​နေ့​စွဲနဲ့​ လက်မှတ်​ရေး​ထိုး​ ထုတ်ပြန်ထား​ပါတယ်။
နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို မလွှတ်ဘဲ ​ရွေး​ကောက်ပွဲ လုပ်တာဟာ တရား​မျှတမှု မရှိဘူး​လို့​ ကိုထွန်း​မြင့်​အောင်က ​ပြောပါတယ်။
“ကျ​နော်တို့​ ဂဂမျိုး​ဆက် ​ခေါင်း​ဆောင်​တွေ မလွှတ်ဘဲနဲ့​ ဂဂ မျိုး​ဆက် ​ကျောင်း​သား​တွေက ဘယ်လိုမျက်နှာမျိုး​နဲ့​ ​ရွေး​ကောက်ပွဲကို ဝင်ရမှာလဲ။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရွေး​ကောက်ပွဲ လမ်း​ကြောင်း​ကို ကျ​နော်တို့​ ဆန့်​ကျင်​နေတာ မဟုတ်ဘူး​။ ​ထောက်ခံ​နေတာလည်း​ မဟုတ်ဘူး​။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဆက်လက် ဝန်း​ရံသွား​မယ်ဆိုတာ အင်တာဗျူး​တွေမှာ အတိအလင်း​ ​ပြောထား​ပြီး​ပါပြီ။ ဆက်ပြီး​တော့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တိုင်ပင်ညှိနှိုင်း​ ​ဆောင်ရွက်သွား​မှာပဲ။ မ​နေ့​က ထုတ်ပြန်လိုက်တဲ့​ သ​ဘောထား​သည် ဂဂမျိုး​ဆက်​ကျောင်း​သား​တွေ အ​နေနဲ့​ ​ရွေး​ကောက်ပွဲ ဝင်မှာမဟုတ်ဘူး​ ဆိုတာကို သ​ဘောထား​ထုတ်ပြန်ရတာ။ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို ​ထောင်ထဲ ထည့်​ထား​ပြီး​တော့​ ​ရွေး​ကောက်ပွဲကို ဒီလိုကျင်း​ပတာဟာ ဘယ်လိုနည်း​နဲ့​မှ မှန်ကန်တဲ့​ လွတ်လပ်ပြီး​မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဒီမိုက​ရေစီ လမ်း​ကြောင်း​ကိုသွား​မယ့်​ ​ရွေး​ကောက်ပွဲလို့​ ကျ​နော်တို့​ မမြင်နိုင်ဘူး​။”
RELATED ARTICLES
- Advertisment -
Google search engine
Most Popular