Home
မြန်မာသတင်း
ဦးမျိုးရန်နောင်သိန်းအမှု နှစ်ဖက်ရှေ့နေ လျှောက်လဲချက်များ တရားရုံးတင်
DVB
·
January 25, 2017
ဆက်သွယ်ရေးဥပဒေပုဒ် ၆၆(ဃ) နဲ့တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းအတွက် အမှုဆက်လက်စစ်ဆေးဖို့အတွက် နှစ်ဖက်ရှေ့နေနှစ်ဦးက လျှောက်လဲချက်ကို ကမာရွတ်မြို့နယ် တရားရုံးမှာ ဇန်န၀ါရီ ၂၄ ရက်က တင်ခဲ့ပါတယ်။ ကမာရွတ်မြို့နယ် တရားသူကြီးက ဖေဖော်ဝါရီ ၁ ရက်မှာ စွဲချက်ကို အမိန့်ချမှတ်မှာဖြစ်ပြီး တရားသူကြီးအနေနဲ့ စွဲချက်ကို လက်ခံရင် အမှုကိုဆက်လက် စစ်ဆေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဦးမျိုးရန်နောင်သိန်းကို တရားခွင်ထဲခေါ်ဆောင်ရာမှာတော့ ရဲအင်အားကို လိုအပ်တာထက် ပိုသုံးထားတယ်ဆိုတဲ့ အပေါ် ကာယကံရှင် ဦးမျိုးရန်နောင်သိန်းက ကျေနပ်မှု မရှိခဲ့ပါဘူး။ မနေ့က ရုံးချိန်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုင်ငံရေးဆိုင်ရာအရာရှိနဲ့ လူ့အခွင့်အရေးဆိုင်ရာ အရာရှိတို့ လာရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024