ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူဒေသခံပြည်သူများကို တွေ့ဆုံဟောပြော (ရုပ်သံ)

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်​ စံပြ​ကြီး​ကျေးရွာမှာ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ဟာ ​ဒေသခံပြည်​သူ​တွေနဲ့ တွေ့ဆုံ​ဟော​ပြောပွဲကို ဇန်​နဝါရီ ၂၅ ရက်​​နေ့က ကျင်းပခဲ့ပါတယ်​။ “မိခင်ရဲ့ ၀မ်းထဲမှာဆိုရင် ကလေးတဦးက ၉ လကနေ ၁၀ လအထိ ကိန်းရပါတယ်။ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ အစိုးရ မွေးကင်းစအရွယ် မဟုတ်သေးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့ နေရာမှာတော့ ကျမတို့ မနှောင့်နှေးပါဘူးလို့ ပြောပါရစေ။ အားလုံးရဲ့ ကျေနပ်မှုရအောင်လို့ ကျမတို့ ကြိုးစားပါ့မယ်။ ပြည်သူလူထုကလည်း ပြောသင့်တဲ့နေရာမှာ ပြောပါ။ ကိုယ်လုပ်သင့်တာလည်း လုပ်ပါ။ ဒါပေမယ့်လည်း သည်းခံသင့်တဲ့နေရာမှာ သည်းခံပါ၊ သည်းမခံသင့်တဲ့နေရာမှာတော့ မသည်းခံပါနဲ့။” ဒါ့အပြင် ပြည်​​ထောင်​စုဝန်​ကြီး​တွေနဲ့ တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​​တွေကို အားမနာနဲ့ ခိုင်းကြပါ။ အားနာလို့ မခိုင်းဘဲနေရင်​ ဝန်​ကြီး​တွေ ပျင်းသွားမယ်​။ အထူးသဖြင့် တိုင်း​ဒေသကြီးဝန်​ကြီး​တွေကို ပိုခိုင်းကြပါ။ ဘာလို့လည်းဆို​တော့ ပြည်​သူ​တွေကိုယ်​တိုင်​ မဲ​ပေး​ရွေးချယ်​ခန့်​အပ်​ထားတာမို့ပါလို့လည်း ပြောဆိုခဲ့ပါတယ်။ ရုပ်သံ - အောင်ဆန်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up