DVB Logo
Home
မြန်မာသတင်း
၁၂ နှစ်အရွယ် မိဘမဲ့​ က​လေး​ငယ်တဦး​ ​အဓမ္မပြုကျင့်​ခံရပြီး​ ​သေဆုံး​ဟုဆို
DVB
·
December 6, 2011
Donate to DVB

ဧရာဝတီတိုင်း​ ပုသိမ်ခရိုင် ကျုံ​ပျော်မြို့​နယ်အတွင်း​က ၁၂ နှစ်အရွယ် မိဘမဲ့​က​လေး​ငယ်တဦး​ အဓမ္မပြုကျင့်​ခံရပြီး​ ​သေဆုံး​သွား​တယ်လို့​ ယူဆရ​ကြောင်း​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ကျုံ​ပျော်မြို့​နယ် အင်း​ရဲကြီး​ရွာမှာ​နေတဲ့​ အသက် ၁၂ နှစ်အရွယ် ​ဖောင်စီး​လာဟာ နိုဝင်ဘာ ၃၀ ရက်​နေ့​ ည​နေ အ​ဒေါ်ဖြစ်သူရဲ့​ ​နေအိမ်က​နေ သူ့​နေအိမ်ကို အပြန်မှာ ​သေဆုံး​သွား​တာလို့​ ​ဒေသခံတဦး​က ​ပြောပြပါတယ်။

“က​လေး​မ​လေး​က အသက် ၁၂ နှစ်။ ​ကျောင်း​တက်တာက အင်း​ရဲကျွန်း​ အလကခွဲ အဲဒီမှာ ပဉ္စမတန်း​ကျောင်း​ တက်​နေတာ။ သုံး​နာရီမှာ ​ကျောင်း​ဆင်း​ပြီး​တော့​ ပြန်လာ​တော့​ သူ့​အ​ဒေါ်အိမ်မှာ မုန့်​ဟင်း​ခါး​ချက်​တော့​ အဲဒီမှာ မုန့်​ဝင်စား​တယ်။ ပြီး​တော့​ သူ့​အိမ်အတွက် ချိုင့်​လေး​နဲ့​ထည့်​ပြီး​တော့​ ပြန်သွား​တဲ့​အချိန်မှာ တ​ယောက်တည်း​ ဖြစ်သွား​တယ်။ အဲဒီမှာ လူပြတ်သွား​တဲ့​အချိန်မှာ ​ကောင်​လေး​က အသက် ၁၇ နှစ်​လောက်ရှိမယ်။ အဓမ္မပြုကျင့်​တာ​ပေါ့​။ ​ကောင်မ​လေး​လည်း​ ​သေသွား​တယ်။ သူက​တော့​ ထွက်​ပြေး​သွား​တယ်။ မျက်မြင်သက်​သေ​တွေက​တော့​ ​တွေ့​တော့​တွေ့​တယ်။ ဘာမှန်း​မသိလိုက်ဘူး​။ ​နောက်မှ​ကောင်မ​လေး​မလာလို့​ အိမ်က လိုက်လာ​တော့​ ​ကောင်မ​လေး​သေ​နေတာကို ​တွေ့​ရတယ်။ ​သေသွား​တော့​ ကျုံ​ပျော်​ဆေး​ရုံကို ​ခေါ်လာပြီး​ ​ဆေး​စစ်လိုက်​တော့​ ပြုကျင့်​တဲ့​အ​နေအထား​လည်း​ ​တွေ့​တယ်။ ​နောက်ပြီး​ လည်ပင်း​ကို ခြစ်ထား​တဲ့​ ဒဏ်ရာဒဏ်ချက်​တွေနဲ့​ မျက်နှာကို ပွန်း​ပဲ့​နေတဲ့​ဒဏ်ရာ​တွေကို ​တွေ့​တယ်။ အဲဒါ​တွေကို ​ကောက်ချက်ဆွဲပြီး​ သူတို့​က ပုဒ်မ ၂ ခုတပ်တာ​ပေါ့​။ လူသတ်မှုရယ်။ မုဒိမ်း​မှုရယ်။ အဲဒီ ၂ ခုနဲ့​ တရား​စွဲဖို့​ ပြင်ဆင်​နေတာ။”

သေဆုံး​သူ က​လေး​ငယ်ဟာ အင်း​ရဲကြီး​ရွာရဲ့​ အလယ်တန်း​ခွဲ​ကျောင်း​မှာ ပဉ္စမတန်း​ သင်ယူ​နေသူဖြစ်ပြီး​ သူ့​မိဘနှစ်ပါး​လုံး​ဟာ ၂၀၀၈ နာဂစ်မုန်တိုင်း​ တိုက်ခိုက်စဉ်က ​သေဆုံး​သွား​ခဲ့​ပါတယ်။ သူ့​ကို အ​ဒေါ် ​တော်စပ်သူ ​ဒေါ်ကျင်လှက အုပ်ထိန်း​သူအဖြစ် ​ကျွေး​မွေး​ပြုစုထား​တာလို့​ ဆိုပါတယ်။

က​လေး​ငယ်ကို အဓမ္မပြုကျင့်​တယ်လို့​ စွပ်စွဲခံရသူကို​တော့​ ကျုံ​ပျော်မြို့​နယ် ရဲစခန်း​မှာ ထိန်း​သိမ်း​ထား​ပါတယ်။ အဓမ္မပြုကျင့်​တယ်လို့​ စွပ်စွဲခံရသူဟာလည်း​ အသက် ၁၇ နှစ်ရှိပြီး​ ဆယ်​လေး​ ​ချောင်း​ရွာသား​ဖြစ်ပါတယ်။ အင်း​ရဲကြီး​ရွာမှာ အင်း​သား​အဖြစ် အလုပ်လုပ်​နေသူလို့​ အဲဒီ​ဒေသခံက ​ပြောပါတယ်။ သူ့​ကို ရဲစခန်း​မှာ ထိန်း​သိမ်း​ထား​ပြီး​ အ​ရေး​ယူထား​တယ်လို့​ ကျုံ​ပျော်ရဲစခန်း​က အတည်ပြု​ပြောဆို​ပေမယ့်​ အ​သေး​စိတ်​ပြောဖို့​ ငြင်း​ဆိုထား​ပါတယ်။

“အစ်မတို့​မေး​တဲ့​ကိစ္စနဲ့​ပတ်သက်လို့​ ​လော​လောဆယ်​တော့​ အမှုဖွင့်​ဆောင်ရွက်​နေတယ်။ စခန်း​မှူး​ကို ​လော​လောဆယ် ဘာမှသတင်း​ မပို့​ရ​သေး​လို့​ ကျ​နော့်​အဆင့်​နဲ့​ ​ပြောလို့​မရဘူး​ခင်ဗျ။”

ဒီလို အသက်မပြည့်​သေး​တဲ့​ က​လေး​ငယ်​တွေ အခုလို က​လေး​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ မကြာခဏ ဖြစ်​ပေါ်​နေပြီး​ ဖြစ်​ပေါ်ရတဲ့​ အ​ကြောင်း​ရင်း​နဲ့​ ပတ်သက်လို့​ လူ့​အခွင့်​အ​ရေး​ ကာကွယ်မြှင့်​တင်သူများ​ ကွန်ရက်အဖွဲ့​ရဲ့​ ​ပြောခွင့်​ရသူ ဦး​မောင်​မောင်​လေး​က အခုလိုရှင်း​ပြပါတယ်။

“က​လေး​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရတဲ့​ ကိစ္စနဲ့​ ပတ်သက်လို့​ ​တွေ့​ရသ​လောက်ဆိုရင် အင်မတန်ကို များ​နေတယ်ဆိုတဲ့​ အ​နေအထား​မှာ ​ယျေဘုယျ ​ကောက်ချက်ချလို့​ရပါတယ်။ ဘာ​ကြောင့်​ ဒီလိုအခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ခံ​နေရတာလဲလို့​မေး​ရင် တစ်အချက် ဥပ​ဒေအရ ၁၉၉၃ ခု က​လေး​သူငယ် အခွင့်​အ​ရေး​ ကာကွယ်​ရေး​ ဥပ​ဒေ နည်း​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​ထား​ပေမယ့်​လည်း​ အဲဒီဥပ​ဒေ​တွေနဲ့​အညီ ​ဆောင်ရွက်တာမရှိဘူး​။ အဲဒီဥပ​ဒေများ​နဲ့​အညီ အကာအကွယ်​ပေး​နိုင်တဲ့​ အ​ခြေအ​နေက အင်မတန်အား​နည်း​တယ်လို့​ ​ပြောလို့​ရပါတယ်။ နှစ်အချက်က ဒီလို က​လေး​သူငယ်​တွေ ဥပ​ဒေပိုမို ချိုး​ဖောက်ခံရခြင်း​ ကိစ္စများ​က တရား​စီရင်​ရေး​ မဏ္ဍိုင်နဲ့​ ပတ်သက်ပါတယ်။ ချိုး​ဖောက်ခံရတဲ့​ က​လေး​သူငယ်​တွေ​ပေါ်မှာ ဥပ​ဒေနဲ့​အညီ တရား​စီရင်ပြီး​တော့​ ဥပ​ဒေရဲ့​ အကာအကွယ် အပြည့်​အဝ ​ပေး​နိုင်တဲ့​အ​ခြေအ​နေ မရှိဘူး​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013