DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် အဆုံး​အဖြတ်ကို ခံယူရန် အသင့်​ဟု ​ဒေါက်တာသန်း​ငြိမ်း​ပြော
DVB
·
December 6, 2011
ဒေါ်​အောင်ဆန်း​စုကြည် အဆုံး​အဖြတ်ကို ခံယူရန် အသင့်​ဟု ​ဒေါက်တာသန်း​ငြိမ်း​ပြော
1 / 2
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ခွဲထွက်ပြီး​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စုပါတီ (အန်ဒီအက်ဖ်) ဥက္ကဋ္ဌ ​ဒေါက်တာသန်း​ငြိမ်း​က သူ့​ပါတီအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အဆုံး​အဖြတ်ကို ခံယူဖို့​ အသင့်​ရှိတယ်လို့​ ​ပြောပါတယ်။

[caption id="attachment_18587" align="alignright" width="300" caption="​ဒေါက်တာသန်းငြိမ်း (ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

“ကျ​နော်တို့​ဘက်က​တော့​ အား​လုံး​က ​ဆွေး​နွေး​မယ်ဆိုလို့​ရှိရင် ဘယ်လိုပုံစံမျိုး​နဲ့​ပဲ ဖြစ်​စေချင်တယ်ဆိုတာမျိုး​ကို ကျ​နော်တို့​ဘက်က​တော့​ ​တောင်း​ဆိုမှာ မဟုတ်ပါဘူး​။ အန်အယ်လ်ဒီအ​နေနဲ့​ အထူး​သဖြင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် အ​နေနဲ့​က​တော့​ သူလည်း​ ​ခေါင်း​ဆောင်တ​ယောက်၊​ ကျ​နော်တို့​ရဲ့​ ​ခေါင်း​ဆောင်ပဲ၊​ သူက​တော့​ ဘယ်လိုဖြစ်သင့်​တယ်။ ဘယ်လိုသွား​ချင်တယ် ဆိုတာမျိုး​ကို သူ့​ဘက်က ​ပြောလာရင် အတတ်နိုင်ဆုံး​ ​ပြေလည်​အောင်လုပ်ဖို့​ အဆင်သင့်​ပါပဲ။ ကျ​နော်တို့​က​တော့​ လက်ကမ်း​ကြိုဆိုတယ်ဆိုတဲ့​ သ​ဘော​ပေါ့​။ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ကို၊​ ကျ​နော်တို့​သ​ဘောနဲ့​ ​စောင့်​နေတာ​ပေါ့​။ သူတို့​ဘက်က​နေပြီး​တော့​ ​ဆွေး​နွေး​ချင်တယ်။ ​တွေ့​ချင်တယ်ဆိုရင် ကျ​နော်တို့​က​တော့​ အချိန်မ​ရွေး​ အဆင်သင့်​ပဲ​လေ။”

လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အန်အယ်လ်ဒီနှင့်​ အန်ဒီအက်ဖ်ပါတီတို့​ ထိပ်တိုက်​တွေ့​တာမျိုး​ဖြစ်မှာကို စိုး​ရိမ်တယ်လို့​ ​ဒေါက်တာသန်း​ငြိမ်း​က ဆိုပါတယ်၊​၊

“ကျ​နော်တို့​က အဲဒါကိုပဲ နည်း​နည်း​တော့​ စိုး​ရိမ်တာ​ပေါ့​။ သို့​သော်လည်း​ပဲ ကျ​နော်တို့​က အစထဲကိုက ဒီမိုက​ရေစီ အင်အား​စု​တွေ အ​နေနဲ့​ ညီညီညွတ်ညွတ်နဲ့​ဝင်ဖို့​။ မဲမကွဲဖို့​၊​ ​ရေရှည်လည်း​ပဲ စည်း​လုံး​ညီညွတ်မှု ရဖို့​ဆိုပြီး​တော့​ ဒီအ​ခြေခံ​တွေနဲ့​ ကျ​နော်တို့​က လုပ်ထား​တာ။ အဲ​တော့​ ဒီအ​ပေါ်မှာ ရှိ​နေတဲ့​အ​နေအထား​မှာ အန်အယ်လ်ဒီအ​နေနဲ့​ ဘယ်လိုစဉ်း​စား​မလဲ။ ကျ​နော်တို့​ ဒီ ၁၀ ပါတီ အ​နေနဲ့​ လက်ရှိ​ဆောင်ရွက်ထား​တဲ့​ ကိစ္စ​ပေါ်မှာ သူတို့​ဘယ်လို စဉ်း​စား​ပြီး​ ဘယ်လို သုံး​သပ်​ဆောင်ရွက်သွား​မလဲဆိုတာ​တော့​ သူတို့​အ​ပေါ်မှာပဲ မူတည်လိမ့်​မယ်။”

အမျိုး​သား​ ဒီမိုက​ရေစီအင်အား​စုပါဝင်တဲ့​ ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီဟာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်လိုက်တဲ့​နောက်မှာ ဆုံး​ဖြတ်ချက်ကို ကြိုဆို​ကြောင်း​နဲ့​ မဲဆန္ဒနယ်ကိစ္စ ​ဆွေး​နွေး​ဖို့​ ဆန္ဒရှိတဲ့​အ​ကြောင်း​ သ​ဘောထား​ ထုတ်ပြန်ခဲ့​ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ပြောခွင့်​ရသူ ဦး​ဥာဏ်ဝင်း​က​တော့​ အန်အယ်လ်ဒီအ​နေနဲ့​ ဒီကိစ္စ​တွေကို စဉ်း​စား​ဖို့​ အချိန်မတန်​သေး​ဘူး​လို့​ ​ပြောပါတယ်။

“အဲဒီအဆင့်​တော့​ ကျ​နော်တို့​မှာ မဆုံး​ဖြတ်ရ​သေး​ဘူး​။ မညှိနှိုင်း​ရ​သေး​ဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်တို့​ကလည်း​ ​ကော်မရှင်ရဲ့​ ​ကြေညာချက်ကို​စောင့်​နေတာ​ပေါ့​။ ​ရွေး​ကောက်ပွဲဆိုရင်လည်း​ ဘယ်​တော့​ကျင်း​ပမယ်။ ​နေရာ​တွေက ဘယ်​နေရာပါ​ပေါ့​။ အခု​တော့​ စာရင်း​တွေ​တော့​ ထွက်​နေတာ​ပေါ့​။ ဒါက တရား​ဝင်စာရင်း​တော့​ မဟုတ်​သေး​ဘူး​။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ ​စောင့်​နေတာ။”

အန်ဒီအက်ဖ်ပါတီနဲ့​ အန်အယ်လ်ဒီ ပြန်လည် ​ပေါင်း​စည်း​နိုင်​ရေး​ အစီအစဉ်ရှိ မရှိ ​မေး​မြန်း​ရာမှာ အန်အယ်လ်ဒီအ​နေနဲ့​ ဘယ်ပါတီနဲ့​မှမဆို ပါတီချင်း​ပူး​ပေါင်း​ဖို့​ အစီအစဉ်မရှိဘဲ၊​ ပါတီဝင် တဦး​ချင်း​ကိုပဲ ပါတီစည်း​မျဉ်း​အတိုင်း​ လက်ခံသွား​ဖို့​ အစီအစဉ်ရှိတယ်လို့​ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ ပါတီဝင်အသစ် ​လျှောက်ထား​ခြင်း​နဲ့​ ပတ်သက်ပြီး​တော့​ ပုံစံ​တွေကို လုပ်​နေပါတယ်။ ပြင်ဆင်​နေတယ်။ အဲဒါက ပါတီမှတ်ပုံတင်ပြီး​မှ ကျ​နော်တို့​ ဖြန့်​ဝေမှာပါ။ ဒါကတခု​ပေါ့​။ အဲ​တော့​ အခုနက ပါတီချင်း​ပေါင်း​မလား​ဆို​တော့​ အန်ဒီအက်ဖ်တင်မဟုတ်ဘူး​။ ပါတီချင်း​တော့​ ဘယ်သူနဲ့​မှမ​ပေါင်း​ဘူး​။ ဘယ်ပါတီနဲ့​မှ မ​ပေါင်း​ဘူး​။ ပူး​ပေါင်း​ပြီး​လုပ်ချင်လုပ်မယ်။ ပါတီချင်း​တော့​ မ​ပေါင်း​ဘူး​။ အဖွဲ့​ဝင် လက်ခံတာ​တော့​ တဦး​ချင်း​ စည်း​ကမ်း​နဲ့​ ညီရင် လက်ခံမယ်။”

လော​လောဆယ် လွှတ်​တော်သုံး​ရပ်မှာ လစ်လပ်​နေတဲ့​ ၄၈ ​နေရာအတွက် ကြား​ဖြတ် ​ရွေး​ကောက်ပွဲ​တွေကို ဘယ်​တော့​ကျင်း​ပမယ်ဆိုတာ အစိုး​ရက မ​ကြေညာ​သေး​ပါဘူး​။

ဒါ​ပေမယ့်​ အန်အယ်လ်ဒီအ​နေနဲ့​ လစ်လပ်​နေရာအား​လုံး​မှာ ဝင်​ရောက်ယှဉ်ပြိုင်ဖွယ် ရှိတယ်လို့​ ​ပြောဆိုထား​သလို၊​ အန်ဒီအက်ဖ်ပါတီ ပါဝင်တဲ့​ ဒီမိုက​ရေစီ မဟာမိတ်ပါတီ​တွေကလည်း​ မဲဆန္ဒနယ် အား​လုံး​မှာ ဖြန့်​ပြီး​ ယှဉ်ပြိုင်သွား​ဖို့​ ညှိနှိုင်း​ထား​တယ်လို့​ ​ဒေါက်တာသန်း​ငြိမ်း​က ​ပြောပါတယ်။

ဒါ​ပေမယ့်​ တနင်္ဂ​နွေ​နေ့​က အန်ဒီအက်ဖ် ပါဝင်တဲ့​ ဒီမိုက​ရေစီ မဟာမိတ် ၁၀ ပါတီနဲ့​ ကြံ့​ခိုင်​ရေး​ပါတီ ​တွေ့​ဆုံမှုက​တော့​ မိတ်ဆက် သ​ဘောဖြစ်ပြီး​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲနဲ့​ မဲဆန္ဒနယ်ကိစ္စ ​ဆွေး​နွေး​တာ မရှိခဲ့​တဲ့​အ​ကြောင်း​ ​ဒေါက်တာ သန်း​ငြိမ်း​က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013