၁၉ နှစ်အမျိုးသားက သူနှင့်ကိုယ်ဝန်ရှိသည့် ချစ်သူမိန်းကလေးအား ဓားဖြင့် ထိုး

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကိုယ်ဝန် ၅ လရှိနေတဲ့ ၂၄ နှစ်အရွယ် အမျိုးသမီးကို ချစ်သူအမျိုးသားက ဓားနဲ့ထိုးမှု ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီခွဲက ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ ဓားနဲ့ အထိုးခံရတဲ့ မအေးအေးမော်ဟာ ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ချိန်မှာ မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး မအေးအေးမော် ကိုယ်တိုင် တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့မရဲစခန်း ကို တိုင်ကြားခဲ့တာပါ။ ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေက တရားလိုဟာ ရည်းစားဖြစ်သူ ခိုင်ကို (၁၉နှစ်)နဲ့အတူ မိုးညှင်းမြို့ အရှေ့ဖက်တောစပ်တနေရာမှာ ချိန်းတွေ့ပြီး အရင်ကျူးလွန်ခဲ့ရာမှ ကိုယ်ဝန် ၅ လရှိပြီ ဖြစ်ပြီး လက်ထပ်ယူဖို့နဲ့ မယူရင်ကိုယ်ဝန်ဖျက်ချဖို့ ငွေကျပ် ၅ သောင်းတောင်းရာ ခိုင်ကိုက အသင့်ပါလာတဲ့ ခေါက်ဓားနဲ့ ၁၁ ချက်ထိုးသွင်းလှီးဖြတ်ခဲ့တဲ့အတွက် လည်ပင်း၊ ရင်ညွန့်၊ လက်ယာ ဝမ်းဗိုက် စိုးရိမ်ရဒဏ်ရာတွေအပြင် ကိုယ်ဝန်လည်းပျက်ကျခဲ့ပြီး မိုးညှင်းမြို့ သာစည်ရပ်နေ ခိုင်ကို ကို အရေးယူပေးပါဖို့ မိုးညှင်းမြို့မရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ဓားနဲ့ ထိုးသူ ခိုင်ကို ကို မိုးညှင်းမြို့ မရဲစခန်းက (ပ)၁၂/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၁၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up