နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပုဂံရောက်ရှိ
DVB
·
January 24, 2017
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံလေယာဉ်ကွင်းကို မနက် ၈ နာရီ ၃၀ မိနစ်မှာ ရောက်ရှိခဲ့ပါတယ်။
ပုဂံမှာရှိတဲ့ အန်အယ်လ်ဒီပါတီဝင်တွေဟာ လေယာဉ်ကွင်း အထွက်ပေါက်ကနေ ပါတီအလံတွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပုဂံပြတိုက်ကို လေ့လာဖို့ လေယာဉ်ကွင်းကနေ ယာဉ်တန်းနဲ့ ဆက်လက်ထွက်ခွာခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံပြတိုက်ကို သွားရောက်မလေ့လာခင် ဂေါက်ကွင်းလို့လူသိများတဲ့ AMAZING BAGAN RESORT မှာ ခေတ္တအနားယူခဲ့ပါတယ်။
ဓာတ်ပုံ - အောင်ဆန်းဦး