အဆောက်အဦ ၁၉ လုံးကို စက္ကန့်ပိုင်းအတွင်း တပြိုင်တည်း ဖောက်ခွဲဖြိုချသည့်ရုပ်သံ ရေပန်းစား

တရုတ်နိုင်ငံအလယ်ပိုင်းမှ အဆောက်အဦ ၁၉ လုံးကို စက္ကန့်ပိုင်းအတွင်းမှာ တပြိုင်တည်း ဖောက်ခွဲဖြိုချတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟဘေးခရိုင်၊ ဝူဟန်မြို့လယ်ဧရိယာတဝိုက်မှာ ဇန်နဝါရီ ၂၁ ရက် ညပိုင်း ၁၁း၅၀ နာရီမှာဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခုဖောက်ခွဲခဲ့တဲ့ နေရာအနီးမှာ တောင်ကြားဖြတ် မီးရထားလမ်းတခု၊ ဒေသခံအိမ်ရာတွေ၊ ဈေးဝယ်စင်တာတခု၊ ထရမ်စဖော်မာခွဲရုံတရုံနဲ့ တခြား မြို့ပြအဆောက်အဦတွေလည်း ရှိနေခဲ့တာပါ။ “ခုလို မြို့တွင်းမှာ ဖောက်ခွဲတဲ့ပုံစံမျိုးမှာ ကျနော်တို့အနေနဲ့ ဖောက်ခွဲဖျက်ဆီးမှုရဲ့ ရလဒ်အပေါ် အာမခံချက်ရှိဖို့အပြင် ပေါက်ကွဲမှုကနေရတဲ့ အကျိုးသက်ရောက်မှုကိုပါ ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်” လို့ ညွှန်ကြားရေးမှူးချုပ် ဂျီရာ ယောင်ရှန်းက ပြောပါတယ်။ ဒီဖောက်ခွဲဖျက်ဆီးမှုအတွက် သေနတ်ပြောင်း ၁ သိန်း ၂ သောင်းကျော်နဲ့ ပေါက်ကွဲစေတတ်တဲ့ဗုံး အလေးချိန် ၅ တန်ကို ပြင်ဆင်ခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆောက်အဦ ၁၉ လုံးစလုံးဟာ အချိန် ၁၀ စက္ကန့်အတွင်းမှာ ပေါက်ကွဲပြိုကျသွားခဲ့တာကို တွေ့ရပါတယ်။ “ဖောက်ခွဲမှုရဲ့ ရလဒ်ကတော့ ကောင်းမွန်ပါတယ်။ ရထားလမ်းတွေနဲ့ အနီးနားက တခြားအဆောက်အဦတွေကို ထိခိုက်တာမျိုးတွေ မရှိခဲ့ပါဘူး။ ပေါက်ကွဲမှုကြောင့် တခြားထိခိုက်သွားတာမျိုးလည်း မရှိပါဘူး” လို့ ဂျီရာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up