Home
မြန်မာသတင်း
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် ကာချုပ်တွေ့ဆုံ
DVB
·
January 23, 2017
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)တို့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာတွေ့ဆုံပါတယ်။ ကာကွယ်ရေးဦးချုပ်နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ် ဦးခွန်ဆိုင်းတို့ ပါဝင်ပါတယ်။ အန်စီအေအပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့မနက်က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော ကာကွယ်ရေးဦးစီးချုပ်နဲ့ပါ တွေ့ဆုံဖို့ စာရေးတောင်းဆိုထားတာဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာ သေးစိတ်ကိုတော့ မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024