DVB Logo
Home
မြန်မာသတင်း
ဂျပန်​တော်လှန်​ရေး​ ​လေထီး​စစ်သည် သခင်လှကွန်း​ ကွယ်လွန်
DVB
·
December 5, 2011
Donate to DVB

သတင်း​စာဆရာနဲ့​ ဂျပန်​တော်လှန်​ရေး​ ​လေထီး​စစ်သည်​ဟောင်း​ သခင်လှကွန်း​ အသက် (၉၀) ဟာ မ​နေ့​ မနက် ၆ နာရီက ရန်ကုန်မြို့​ ​မြေနီကုန်း​ ရန်ကင်း​လမ်း​နေအိမ်မှာ လူကြီး​ရောဂါနဲ့​ ကွယ်လွန်သွား​တယ်လို့​ မိသား​စုဝင်တဦး​က ​ပြောပါတယ်။

သခင်လှကွန်း​ဟာ အိန္ဒိယနိုင်ငံမှာ စစ်သင်တန်း​တက်​ရောက်အပြီး​ မြန်မာနိုင်ငံကို ​လေထီး​နဲ့​ ပြန်​ရောက်ပြီး​တော့​ ​ပြောက်ကျား​စစ်သည်အဖြစ် ဖက်ဆစ်ဂျပန်ကို ​တော်လှန်ခဲ့​ပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်​ရေး​ ရပြီး​တဲ့​နောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ အ​နေနဲ့​ ​တောခိုခဲ့​ပါတယ်။ သခင်လှကွန်း​ဟာ ဗကပ ဥက္ကဋ္ဌ သခင်သန်း​ထွန်း​ရဲ့​ ​မွေး​စား​သား​လို့​ လူသိများ​တဲ့​သူလည်း​ ဖြစ်ပါတယ်။

သခင်လှကွန်း​ဟာ ​တောတွင်း​မှာရှိ​နေစဉ် ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လက်ဝဲစာ​ပေ​တွေကို စံတင့်​ရှမ်း​ပြည်နဲ့​ အတူ ဘာသာပြန်ဌာနမှာ တာဝန်ခံအဖြစ် လုပ်ခဲ့​ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီက​နေ အလင်း​ဝင်ခဲ့​ပြီး​နောက်မှာ လုပ်သား​ပြည်သူ​နေ့​စဉ် သတင်း​ဌာနမှာ နိုင်ငံခြား​သတင်း​ အယ်ဒီတာ၊​ အင်္ဂလိပ်ဘာသာနဲ့​ ထုတ်​ဝေတဲ့​ ဂါဒီယန်း​သတင်း​စာမှာ ဒုတိယ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့​ပြီး​တဲ့​နောက် ​ကြေး​မုံသတင်း​စာတိုက်မှာ အယ်ဒီတာချုပ်အဖြစ်နဲ့​ အငြိမ်း​စား​ယူခဲ့​တယ်လို့​ သူ့​လက်​အောက်မှာ တာဝန်ထမ်း​ဆောင်ဖူး​တဲ့​ သတင်း​စာအယ်ဒီတာ ဦး​သန်း​အောင်က ​ပြောပါတယ်။

အင်္ဂလိပ်​တော်လှန်​ရေး​ ဂျပန်ဖက်ဆစ်​တော်လှန်​ရေး​မှာ ပါဝင်ခဲ့​သူ​တွေဟာ အနည်း​ငယ်ပဲ ကျန်​နေ​ကြောင်း​နဲ့​ အခုလို သခင်လှကွန်း​ ကွယ်လွန်သွား​တဲ့​အတွက် အခုဆို ၄ ဦး​ပဲ ကျန်​တော့​တယ်လို့​ ဝါရင့်​ နိုင်ငံ​ရေး​သမား​ကြီး​ သခင်ချန်ထွန်း​က ​ပြောပါတယ်။

“သခင်သိန်း​ဖေအိမ်မှာ အာဇာနည်​နေ့​တို့​၊​ လွတ်လပ်​ရေး​နေ့​တို့​ ကျင်း​ပတဲ့​အချိန်မှာ သူ့​ကို ​တွေ့​ရတယ်။ သူက​နေမ​ကောင်း​တော့​ သိပ်မသွား​ဘူး​။ အဘတို့​လည်း​ ပို့​ပေး​မယ့်​သူမရှိ​တော့​ သိပ်မ​ရောက်ဘူး​လေ။ သာ​ရေး​နာ​ရေး​တွေ ရှိရင်၊​ အခမ်း​အနား​တွေရှိရင် သူလည်း​လာပါတယ်။ သိပ်လည်း​မရှိ​တော့​ဘူး​။ သခင်သိန်း​ဖေ၊​ သခင်တင်မြ၊​ သခင်လှကွန်း​၊​ သခင်ချန်ထွန်း​၊​ သခင်သိန်း​မောင် ဒါပဲရှိတာ။ အခုတ​ယောက်ဆုံး​တော့​ ၄ ​ယောက်ပဲကျန်​တော့​တယ်။”

သခင်လှကွန်း​ကို ဒီဇင်ဘာလ ၆ ရက်​နေ့​လယ် ၁၁ နာရီမှာ မီး​သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013