ဆူဒူနိုအထည်ချုပ်စက်ရုံ လုပ်သားများ လစာတိုးပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အပြင် ပဒံက ဆူဒူနိုအထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့ အလုပ်သမား ၄၀၀ လောက် ဒီကနေ့မှာ ဆန္ဒပြ တောင်းဆိုနေပါတယ်။ နှစ်ပြည့် ကျွမ်းကျင်လုပ်သားတွေကို အခြေခံလစာတလ ၁ သိန်း ၈ ထောင်အပြင် နှစ်တိုးအဖြစ် ငွေကျပ် ၁ သောင်း တိုးပေးဖို့ အလုပ်သမားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတာပါ။ အဲဒီစက်ရုံမှာ လုပ်သား ၆၀၀ လောက်ရှိပြီး ဇန်နဝါရီလ ၂၃ ရက်ကစကာ အလုပ်လုပ်နေရင်းနဲ့ ခေါင်းစည်းအနီတွေ၊ အင်္ကျီအနီရောင်တွေ ဝတ်ဆင်ပြီး တောင်းဆိုကြတာပါ။ အလုပ်ရှင်ဘက်က တလ ၇၀၀၀ ကျပ်ပေးဖို့ သဘောတူထားပြီး အလုပ်သမားတွေက ၁ သောင်းရဖို့ ဆက်လက်တောင်းဆိုနေပါတယ်။ သတင်း - စိုးမိုးအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up