Home
မြန်မာသတင်း
ထိုင်းတွင် ယာဉ်စစ်ဆေးရေးဂိတ်လျှော့ချ၍ ကင်မရာဖြင့် ဖမ်းဆီးမည်
DVB
·
January 23, 2017
aHR0cDovL3BlMS5pc2Fub29rLmNvbS9ucy8wL3VkLzQzMS8yMTU1MDYyL1VudGl0bGVkLTFjb3B5LmpwZw==
  ထိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့  လမ်းပေါ်စောင့်ကြပ်စစ်ဆေးမှုတွေ လျှော့ချကာ ကင်မရာတွေ အသုံးပြုပြီး  ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေကို ဖမ်းဆီးအရေးယူသွားဖို့ရှိနေတယ်လို့  စနွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ခရီးသွားပြည်သူတွေအတွက်  ယာဉ်ကြောပိတ်ဆို့မှုအခက်အခဲ ကျဆင်းစေဖို့ရည်ရွယ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁ ရက်က စလို့  လမ်းပေါ် စောင့်ကြပ်စစ်ဆေးတာကို လျှော့ချကာ ကင်မရာတွေနဲ့ဘဲ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေ စောင့်ကြည့်အရေးယူသွားမယ်လို့ ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဦးစီးဌာန  ဒုညွှန်မှူး ရဲမှူးကျီရဖတ် ဖုမိကျစ်က သတင်းထောက်တွေကို ပြောပါတယ် လမ်းပေါ် စစ်ဆေးတာကိုလည်း နေ့စဉ်မဆောင်ရွက်တော့ဘဲ တရက်ခြားသာ ဆောင်ရွက်ဖို့နဲ့ လမ်းကြော တခုတည်းမှာ စစ်ဆေးရေးဂိတ်မထပ်ဖို့၊ ကင်မရာတွေ ပြင်ဆင်ထားကြဖို့ ရဲဌာနပေါင်း ၈၈ ဌာနကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာယာဉ်ထိန်းရဲတွေအနေနဲ့ ကင်မရာကိုအသုံးပြုပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှု တွေ သွားရောက်စစ်ဆေးမှတ်တမ်းတင်ကာ ချက်ချင်းအရေးယူနိုင်ကြောင်း၊ ဒါပေမယ့် နည်းဥပဒေတွေ လက်တွေ့မကျင့်သုံးခင် လုပ်သားပြည်သူတွေ နားလည်မှုလွဲခြင်းမရှိစေဖို့   ကြိုတင်အသိပေးရမယ်လို့  ရဲမှူးက ပြောပါတယ်။ လမ်းပြောင်းပြန်မောင်းခြင်း၊ လူသွားလမ်းပေါ်မောင်းခြင်း၊ ဆိုင်ကယ်ဦးထုတ်မဆောင်းခြင်း၊ လမ်းကျဉ်းတွင်ကျော်တက်ခြင်း၊ တံတားဘောင်နဲ့ ပလက်ဖောင်းများပွတ်တိုက်ခြင်း၊ ကန့်သတ်နေရာမှာ ယာဉ်ရပ်နားခြင်း၊ ယာဉ်ဆင့်ကဲ ရပ်နားခြင်း၊ ယာဉ်ကြောပိတ်ဆို့အောင်ပြုမူခြင်း စတဲ့ စည်းကမ်း ဖောက်ဖျက်မှု ပြစ်မှုထင်ရှားရင် ရဲစခန်းက ဖြတ်ပိုင်းကို စာတိုက်မှတဆင့်ပေးပို့ပြီး ဒဏ်ငွေ လာဆောင်ရမှာဖြစ်တယ်လို့ ရဲမှူးက ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024