Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် မီးရထားနှင့် ထော်လာဂျီ တိုက်မှုဖြစ်ပွား
DVB
·
January 22, 2017
16266275_395664324115770_515034566900337522_n
16265325_395664540782415_699152536893719745_n
16174768_395664267449109_1990521873406235997_n
16174632_395664220782447_5137344539897985638_n
16142366_395664240782445_6139259478966646500_n
16142249_395664294115773_4064868202165569486_n
16114008_395664400782429_5936788785679034055_n
16002906_395664177449118_3011112707016992765_n
  မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့မှာ ဒီနေ့မွန်းလွဲပိုင်းက လူစီးမီးရထားနဲ့ ထော်လာဂျီယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့က ကိုပြည့်စုံအောင် မောင်းနှင်လာတဲ့ သဲတင်ထော်လာဂျဟာ ဗိမာန်ဘုန်းတော်ကြီးကျောင်းလမ်းအတိုင်း အနောက်ကနေ အရှေ့ကို မောင်းနှင်လာပြီး မီးရထား သံလမ်းကူး ဖြတ်ကျော်စဉ် နေပြည်တော်ကနေ ပုဂံဘက် စက်ခေါင်းမောင်း ဦးမြင့်စိုး မောင်းနှင်လာတဲ့ (၁၀၇) အဆန် RBE အမှတ် 5013 လူစီး မီးရထားတွဲနဲ့ မီးရထားလမ်း မိုင်တိုင် အမှတ် (၂၉၂) မှာ တိုက်မိခဲ့တာလို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ထော်လာဂျီယာဉ်နဲ့ လူစီးမီးရထားတို့မှာ ယာဉ်တို့ရဲ့ ဦးခေါင်းပိုင်းတွေ အနည်းငယ် ထိခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် ခရီးသွားပြည်သူတွေနဲ့ ထော်လာဂျီ ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာ ရရှိမှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ မီးရထားသံလမ်းနဲ့ ယာဉ်သွားလမ်း၊ လူသွားလမ်းတို့ ဆုံရာနေရာမှာ အတားအဆီးအဖြစ် မောင်းတံဂိတ်ထားရှိမှု မရှိဘဲ သင်္ဘောဆေးနဲ့ ရေးခြယ်ထားတဲ့ သတိပေးဆိုင်းဘုတ်သာ ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ သံလမ်းကူးနေရာဟာ အမှတ် ၃ အခြေခံပညာအလယ်တန်းကျောင်းက ကျောင်းသား ကျောင်းသူတွေ၊ အများပြည်သူတွေ နေ့စဉ်ဖြတ်သန်း သွားလာနေကြတာကြောင့် အန္တရာယ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ သတင်းဓာတ်ပုံ - ဗိုလ်ပြည့် ( တောင်တွင်းကြီး )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024