DVB Logo
Home
မြန်မာသတင်း
ကချင်စစ်​ဘေး​ဒုက္ခသည်ထံ လူမှု​ရေး​အဖွဲ့​များ​ သွား​ရောက်ကူညီ
DVB
·
December 5, 2011
ကချင်စစ်​ဘေး​ဒုက္ခသည်ထံ လူမှု​ရေး​အဖွဲ့​များ​ သွား​ရောက်ကူညီ
Donate to DVB

ကချင်ပြည်နယ်က စစ်​ပြေး​ဒုက္ခသည်​တွေကို ရန်ကုန်နဲ့​မန္တ​လေး​က လူမှု​ရေး​ အဖွဲ့​တွေ သွား​ရောက်လှူဒါန်း​ကြပါတယ်။

[caption id="attachment_11956" align="alignright" width="300" caption="စစ်ပြေးဒုက္ခသည်များ"][/caption]

ရန်ကုန်အ​ခြေစိုက် ကို​ကျော်သူရဲ့​ နာ​ရေး​ကူညီမှုအသင်း​၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့၊​ မန္တ​လေး​က ဘဝအလင်း​ ပရဟိတအသင်း​၊​ က​လေး​ချစ်သူများ​ ကွန်ရက်တို့​စုစည်း​ပြီး​ မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်မြို့​ပေါ်က ဒုက္ခသည်​တွေကို သွား​ရောက်ကူညီလှူဒါန်း​တာဖြစ်ပါတယ်။

ခရီး​စဉ်ကို သုံး​ရက်သတ်မှတ်ထား​ပြီး​ ဒီ​နေ့​မှာ​တော့​ မြစ်ကြီး​နား​မြို့​ပေါ်က စစ်​ပြေး​ဒုက္ခသည်​တွေကို ကူညီ​နေတယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုမြတ်သူက ​ပြောပါတယ်။

“ဒီခရီး​စဉ်က မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်တဝိုက်မှာရှိတဲ့​ ဒုက္ခသည်စခန်း​ ​တွေကို လာ​ရောက်ကူညီတဲ့​ ခရီး​စဉ်ဖြစ်ပါတယ်။ ဒီ​နေ့​က​တော့​ မြစ်ကြီး​နား​မှာပဲ လိုက်လှူ​နေတယ်။ နာ​ရေး​ကူညီမှုအသင်း​ကလည်း​ သူတို့​အစီအစဉ်နဲ့​သူတို့​ လှူတယ်။ ၈၈ ကလည်း​ ကိုယ့်​အစီအစဉ်နဲ့​ကိုယ်​ပေါ့​။ သွား​တာ​တော့​ အတူသွား​ကြတယ်။ ပိုက်ဆံပဲအဆင်​ပြေ​တော့​ ပိုက်ဆံပဲလှူကြတယ်။ ရန်ကုန်ကသွား​တာ ပစ္စည်း​သယ်တာနဲ့​ အဲ​လောက်အဆင်မ​ပြေဘူး​။ ကျ​နော်တို့​က ခွဲပြီး​တော့​လှူကြတယ်။ ပစ္စည်း​တွေ မတိုက်​အောင်လို့​၊​ ဒုက္ခသည်တ​ယောက်ကို ကျပ် ၃၅၀၀ နှုန်း​နဲ့​ စခန်း​တခုမှာရှိတဲ့​ အ​ရေအတွက်နဲ့​ ​မြှောက်ပြီး​တော့​ လှူသွား​တာ​ပေါ့​။ အား​လုံး​လည်း​ တန်း​တူညီတူ ရကြပါတယ်။”

မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်မြို့​မှာတင် စစ်​ပြေး​ဒုက္ခသည်​ပေါင်း​ ရ​ထောင်​ကျော် ရှိ​နေပြီး​ သူတို့​က ၃ ရက်အတွင်း​ ကူညီဖို့​ စီစဉ်ထား​တယ်လို့​ ​ပြောပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်​ ပြီး​ခဲ့​သုံး​လ​လောက်ကတည်း​က ဒီမြစ်ကြီး​နား​မြို့​ပေါ် ​ရောက်​နေကြသူ​တွေရှိသလို တချို့​ကလည်း​ ပြီး​ရက်တဲ့​ ရက်ပိုင်း​တွေကမှ ​ရောက်လာတဲ့​ သူ​တွေလည်း​ရှိတယ်လို့​ ဆိုပါတယ်။

ထွက်​ပြေး​တိမ်း​ရှောင်လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို မြစ်ကြီး​နား​မြို့​ပေါ်က ခရစ်ယာန်ဘုရား​ကျောင်း​တွေမှာ လက်ခံထား​ပြီး​ အစား​သောက်အတွက် အသင်း​သူအသင်း​သား​နဲ့​ အန်ဂျီအိုတချို့​က ကူညီတာရှိတယ်လို့​ ဒုက္ခသည်၅ဝဝနီး​ပါး​ကို လက်ခံထား​တဲ့​ စတာပွန် နှစ်ခြင်း​ဘုရား​ကျောင်း​က ဆရာ​ဇော်​ဖောင်က ​ပြောပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်​ မြစ်ကြီး​နား​မြို့​ပေါ် သုံး​လ​လောက် တိမ်း​ရှောင်လာတဲ့​ အမျိုး​သမီး​က​တော့​ သူကြုံ​တွေရတဲ့​ အခက်အခဲနဲ့​ ပတ်သက်ပြီး​ အခုလို ​ပြောပါတယ်။

“ကျမတို့​ မြို့​ပေါ်မှာ အိမ်မရှိဘူး​။ အစား​အ​သောက် အခက်အခဲ ရှိတယ်။ ​နေတဲ့​နေရာ​တွေ အခက်အခဲရှိတယ်။ ဒီမှာလာလိုက်​တော့​ က​လေး​တ​ယောက် မုန့်​ဖိုး​သုံး​တယ်။ မုန့်​ဖိုး​ကလည်း​ မရှိဘူး​။ ဘာအလုပ်အကိုင်မှ မရှိ​တော့​ဘူး​။ ကျမ ခံစား​မိတာက​တော့​ ဘယ်​နေရာမှာပဲ​နေ​နေ ဒီလိုမျိုး​ ဖြစ်ဖြစ်​နေတာက​တော့​ ​ကောင်း​တယ်လို့​တော့​မဟုတ်ဘူး​။ တရား​ကျတဲ့​ အစိုး​ရကို လိုလား​တယ်။ ပြီး​တော့​ ပြည်သူပြည်သား​တွေ ခိုင်မာတဲ့​ ​ကောင်း​မွန်တဲ့​ အလုပ်အကိုင်​တွေရမယ်ဆိုရင် ​ကောင်း​မွန်မယ်။”

မြန်မာအစိုး​ရနဲ့​ ၁ရနှစ်ကြာ အပစ်ခတ်ရပ်စဲ​ရေး​ယူခဲ့​တဲ့​ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်ကို ပြီး​ခဲ့​တဲ့​ ၂၀၁၀ ကစပြီး​ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ခိုင်း​ရာက​နေ လက်မခံခဲ့​အတွက် အခုနှစ် ဇွန်လဆန်း​ပိုင်း​ကစပြီး​ အစိုး​ရတပ်က ကချင်တပ်ဖွဲ့​တွေကို စတင်ထိုး​စစ်ဆင် တိုက်ခိုက်ခဲ့​ပါတယ်။

ကချင်ပြည်နယ်တွင်း​ တိုက်ပွဲ​ကြောင့်​ ​ဒေသခံ ၅​သောင်း​ခန့်​ ထွက်​ပြေး​တိမ်း​ရှောင် ​နေကြရပြီး​ သူတို့​ရဲ့​ ရွာ​တွေအိမ်​တွေ မီး​ရှို့​ဖျက်ဆီး​ခံ​နေရသလို အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာ၊​ ကချင်ပြည်သူ​တွေကို ဖမ်း​ဆီး​ချုပ်​နှောင် သတ်ဖြတ်မှု​တွေ စတဲ့​ လူ့​အခွင့်​ရေး​ချိုး​ဖောက်မှု​တွေ ဖြစ်​ပေါ်​နေတယ်လို့​ ကချင်လူမှုအဖွဲ့​တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013